အခန်း(၅၅၄)

502 66 4
                                    

အခန်း(၅၅၄)

ပြန်လည်တိုက်ခိုက်ခြင်း(၁)





Chu Tianyin မှာ အတော်လေး ကောက်ကျစ်ကာ ပထမဆုံး လှုပ်ရှားမှုတွင် ဖြစ်နိုင်ချေရှိသော ဦးတည်ချက် ပေါင်းစုံမှ ချိန်ရွယ်လာသည်။ Long Feiye ၏ ကြာပွတ်မှာ ပျက်စီးနေသည့် နေရာတွင် ရောက်ရှိနိုင်သော အကွာအဝေးမှာ ကန့်သတ်ချက်ရှိနေပြီး ပုံမှန်တိုင်း မစွမ်းဆောင်နိုင်ပေ။ ထိုသို့ဖြင့် Chu Tianyin  မှာ ကြီးမားစွာ အသာစီးရနေလေသည်။

မြှားများမှာ ပျံသန်းလာပြီး Long Feiye  မှာ ကြာပွတ်ဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ထိုအခြေအနေအောက်တွင် သူက Chu Tianyin  မှ ပစ်လွှတ်နေခြင်းအား ရပ်တန့်စေရန် ရုန်းကန်နေရသည်။ Chu Tianyin  မှာ Long Feiye  အား အသက်ရှူရန် အချိန်မပေးပဲ ဒုတိယမြှားတစ်သုတ်ဖြင့် ပစ်လွှတ်လာသည်။ နေရာလွတ်မှာ ကန့်သတ်ချက်ရှိနေသောကြောင့် Long Feiye မှာ ရွေးချယ်စရာမရှိပဲ ရှောင်တိမ်းသာ နေရသည်။

အကယ်၍ ယခင်ကကဲ့သို့ဆိုလျှင် သူက မြှားထိနိုင်လျှင်တောင်မှ Chu Tianyin ထံ ချဥ်းကပ်ရန် ကြိုးစားကာ သတ်လိုက်လိမ့်မည်။ သို့တိုင် မြှားမှာ အသက်ယူနိုင်သော အဆိပ်သုတ်ထားကြောင်း Han Yunxi မှ ပြောလာခဲ့သည်။ သူမက သူ့အား သတိထားရန် ပြောကြားခဲ့သဖြင့် ဖြေရှင်းရန် လွယ်ကူသည့် အဆိပ်မဖြစ်နိုင်ပေ။ အကယ်၍ Han Yunxi မှ ကုသနိုင်လျှင်တောင် တန်ဖိုးရှိသော အချိန်များ ပေးရလိမ့်မည်။ ထိုကဲ့သို့ ဖိအားပေးခံရခြင်းမှာ Long Feiye  အား အမှန်ပင် စိတ်ဖိစီးစေလေသည်။

သူက မြှားများအား ရှောင်တိမ်းရင်း တုံ့ပြန်တိုက်ခိုက်ရန်အတွက် စတင်က တွက်ချက်နေသည်။ စိတ်မကောင်းစရာမှာ ဤတစ်ကြိမ်တွင် သူ၏ ကံတရားမှာ ဆိုးရွားလှသည်။ အကယ်၍  ဤသို့ဆက်ဖြစ်နေလျှင် Chu Tianyin  မှာ သူ၏ ကြာပွတ်လမ်းကြောင်းအား ဖတ်ရှုလာနိုင်ကာ အလွယ်တကူ မြှားပစ်လာနိုင်သည်။ ထို့အပြင် Long Feiye မှာ တစ်ကိုယ်တည်း တိုက်ခိုက်ရခြင်းအား အသားကျနေသဖြင့် Gu Qishao ၏ တည်ရှိမှုအား ထည့်မတွက်မိပေ။ ဒဏ်ရာရထားလျှင်တောင်မှ Gu Qishao  မှာလည်း တိုက်ခိုက်ရေးသမားတစ်ယောက်ပင်။

လက်ရှိတွင်  Gu Qishao မှာ ပုခုံးတစ်ဖက်တွင် မြှားထိထားကာ  Han Yunxi  အား ကာကွယ်ပေးထားသည်။ သူ၏ မျက်လုံးများမှာ အနက်ဝတ်အမျိုးသမီး၏ ဘေးရှိ မြေနေရာလွတ်တွင် သင့်တော်သော နေရာအား ရှာဖွေနေပြီး လက်ထဲတွင် သစ်စေ့လေးအား ဆော့ကစားနေသည်။ Han Yunxi မှာ အချည်းအနှီး မနေပေ။ သူမက Chu Tianyin အား စူးစိုက်ကြည့်နေပြီး လက်ချောင်းများမှာ သစ်တော်ပန်းမိုးဖွဲမျက်ရည် ပေါ်တွင် ရှိနေသည်။ သူမက ထိုသူအား မသတ်နိုင်လျှင်တောင်မှ အပ်အနည်းငယ်ဖြင့် နှောင့်ယှက်နိုင်သေးသည်။ Gu Qishao မှ မလှုပ်ရှားနိုင်ခင် သူမက Chu Tianyin ၏ လက်အား အဆိပ်အပ်အနည်းငယ်အား ပစ်လွှတ်လိုက်သည်။ သူက မြှားများအား ပစ်လွှတ်နေရင်း ၎င်းတို့အား  ရှောင်တိမ်းလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now