အခန်း(၅၆၃)

892 86 2
                                        

အခန်း(၅၆၃)

စစ်ဆေးမေးမြန်းခြင်း။ နှစ်တစ်သောင်းသစ်သားအဆိပ်။





ညတစ်ညမှ အိပ်မက်တစ်ခုမှာ Han Yunxi  အား အဆိပ်သိုလှောင်မှုနေရာလွတ်၏ လျှို့ဝှက်ချက်အား သော့ဖွင့်ပေးခဲ့သည်။ ၎င်းမှာ တားမြစ်မြေပြင်တွင် Han Yunxi မှ ရရှိခဲ့သော အကြီးဆုံး အကျိုးအမြတ် ဖြစ်လိမ့်မည်။ သူမက အဆိပ်ဂိုဏ်းဖြင့် ဆက်စပ်မှုရှိနေလား သို့မဟုတ် ဂိုဏ်းတွင် အသက်ရှင်သူ ရှိသေးလားဆိုခြင်းအား မစဥ်းစားနိုင်တော့ပေ။ သူမက ပထမဆုံး စဥ်းစားမိသည်မှာ Jun Yixie ပင်။

သူမက အဆင့်၂သို့ ကျင့်ကြံနိုင်သည်နှင့် ထိုသူအား အာရုံကင်းမဲ့သွားသည်အထိ အနိုင်ယူနိုင်လိမ့်မည်။
Han Yunxi  မှာ သူ့အား မည်သည့်အတွက်ကြောင့် ပထမဆုံး ပစ်မှတ်ထားရသနည်း။

အကြောင်းမှာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးနှင့် Jun Yixie  မှာ အဆိပ်နယ်ပယ်တွင် ကျော်ကြားသော ဂုဏ်သတင်းရှိသည့် လူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ နေ့အလင်းရောင် မထွက်ခင် Han Yunxi  မှာ အခွင့်အရေးယူကာ တရားထိုင်နေသည်။

ထိုစဥ် Long Feiye  မှာ သူမအခန်း ခေါင်မိုးတွင် ထိုင်ရင်း ကောင်းကင်အား ငေးမောနေသည်။ သူ၏ မျက်လုံးများမှာ နက်ရှိုင်းကာ အတွေးများမှာ ချူမျိုးနွယ်ဖြင့် ပတ်သက်သော Wu Yi ၏ သတိပေးမှု သို့မဟုတ် Gu Qishao  ၏ နှုတ်ဆက်စကားဖြင့် တဝဲဝဲလည်နေနိုင်သည်။ သို့မဟုတ် လိုဏ်ဂူထဲမှ ရှင်းပြ၍ မရနိုင်သော မီးငြိမ်းသွားမှုအကြောင်း ဖြစ်နိုင်သည်။
သူက ထိုအကြောင်းအရာအား စဥ်းစားနေခြင်း မဟုတ်ပဲ ချူမျိုးနွယ်အား မည်သို့ ကိုင်တွယ်ရန်နှင့် အနောက်ကျိုးအား မည်သို့ မွှေနှောက်ရန် စဥ်းစားနေခြင်းလည်း ဖြစ်နိုင်သည်။ သူ၏ မျက်ခုံးများမှာ ကျုံ့နေကာ အတွေးများ လျှို့ဝှက်နေသည့်တိုင်အောင် အေးစက်ချောမောသော အသွင်အပြင်မှ ပို၍ အေးစက်နေစေကာ ထိတွေ့ရန် မဖြစ်နိုင်ပေ။ တိတ်ဆိတ်မှုထဲတွင် ခေါင်မိုးပေါ်၌ နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထန်လီပင်။

သူက ဝိုင်နှစ်ခရားအား ယူလာကာ တစ်ခုအား Long Feiye ထံ ပစ်ပေးလိုက်သည်။ “အစ်ကိုကြီး .. ကျွန်တော်နဲ့ သောက်ရအောင်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now