အခန်း(၄၅၉)
ကျွန်မက သူ့ကို သေတဲ့အထိ ပြုတ်ပစ်မယ်။
ဘယ်သူလဲ။ Han Yunxi မှာ တစ်ချိန်တည်းမှာပင် ရယ်မောကာ ဒေါသထွက်ချင်နေတော့သည်။ ဒီပုပ်ပွနေတဲ့ ကလေးစုတ်လေးကတော့ ငါက ဘယ်သူလဲလို့ တကယ်ပဲ မေးနေတယ်။
အတိတ်မေ့ခြင်းမှာ သူတို့အားလုံးအတွက် အကူအညီမဲ့ကာ မုန်းစရာဖြစ်ကြောင်း ပြောနိုင်သည်။ အတိတ်မေ့ခြင်းကြောင့် သူတို့က ပြုလုပ်ခဲ့သမျှ၏ တာဝန်အား လက်လျော့လိုက်နိုင်ပြီး မှတ်မိနေသူများမှ သူတို့၏ နေရာတွင် အသိဖြင့် ဝန်ထုတ်ဝန်ပိုး ဖြစ်နေလိမ့်မည်။ အဲ့တာက လုံးဝကို မတရားဘူး။
Han Yunxi မှာ ရွေးချယ်စရာမရှိပဲ ခေါင်းယမ်းပြသော Gu Beiyue အား ကြည့်လိုက်သည်။ သူ၏ အမူအရာအားမြင်လျှင် Su Xiaoyu မှ ဟန်ဆောင်နေခြင်း မဖြစ်နိုင်ကြောင်း Han Yunxi မှာ သိနေသည်။ အစတည်းကပင် သမားတော်မှာ ထိုမိန်းကလေး၏ ဦးနှောက်အတွက် အတိတ်မေ့ခြင်းမှာ မထင်မှတ်ထားသော နောက်ဆက်တွဲဖြစ်နေမည်အား စိုးရိမ်နေခဲ့သည်။ သို့တိုင် ၎င်းမှာ တစ်ဘဝလုံး ကိုမာအဖြစ် လှဲနေခြင်းထက် ကောင်းမွန်သေးသည်။
Long Feiye မှာ Gu Beiyue အား ကြည့်လိုက်ပြီးနောက် Su Xiaoyu အား စစ်ဆေးရန် ကုတင်နားသို့ ချဥ်းကပ်လာသည်။ Gu Beiyue မှာ တုံ့ပြန်မှု အနေဖြင့် ခေါင်းငြိမ့်လိုက်ကာ အတိတ်မေ့သွားခြင်းမှာ အမှန်ဖြစ်ကြောင်း Long Feiye ၏ ထုတ်မပြောသော မေးခွန်းအား အတည်ပြုပေးလိုက်သည်။ Su Xiaoyu မှာ သူမ၏ ပတ်လည်ရှိ အံ့အားသင့်နေသည့် မျက်နှာများအား ကြည့်ရင်း ရှုပ်ထွေးလာသည်။ သူမက မှတ်ဥာဏ်ပျောက်ဆုံးသွားသော်လည်း သူမ၏ မူလအကျင့်စရိုက်ဖြစ်သော ငယ်ရွယ်သည့်တိုင် ရိုင်းစိုင်းနေခြင်းမှာ ရှိနေဆဲပင်။
နောက်တစ်ကြိမ် သူမက Han Yunxi အား မေးမြန်းလိုက်သည်။ “ရှင် ဘယ်သူလဲ။ ဘာလို့ ကျွန်မကို ပုပ်သိုးနေတယ်လို့ ပြောရတာလဲ။ ကျွန်မက ဘယ်လို ပုပ်သိုးနေလို့လဲ။”
ဒါ…ဒါ…
Han Yunxi မှာ သဘောတကျဖြင့် အင်္ကျီလက်တင်ကာ ထိုကလေးစုတ်လေးအား သင်ခန်းစာပေးရန် ပြင်လိုက်စဥ် Baili Mingxiang မှာ အရင်ပြောလိုက်သည်။ “Yu’er လေး မင်းက မရိုင်းရဘူး။ သူမက လေးစားရတဲ့ဝမ်ဖေး.. မင်းရဲ့ အသက်ကျေးဇူးရှင်ပဲ။ မေ့သွားပြီလား။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Tiểu thuyết Lịch sử**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
