အခန်း(၄၆၂)
ငြင်းပယ်ရန် နည်းလမ်းမရှိ။
Han Yunxi မှာ ရယ်မောလိုက်နိုင်သော်လည်း Long Feiye ၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူက လိုက်ကာ အပြင်အား အနည်းငယ်လှမ်းကြည့်လိုက်ပြီး မျက်လုံးများတွင် ရက်စက်မှုက ဖြတ်သွားတော့သည်။ Long Feiye မှာ ဖြစ်ရပ်တစ်ခုလုံးအား ကြည့်နေကြောင်း Han Yunxi မှ သတိမပြုမိပေ။ သူမက Mu Linger အား ခေါင်းယမ်းပြလိုက်သည်။ ဆွံ့အအဘွားမှာ ကမ်းပါးမှ ပြုတ်ကျသွားခဲ့သော်လည်း Han Yunxi မှာ လက်မလျော့ခဲ့ပေ။ သူမနှင့် Long Feiye မှာ ထိုအမျိုးသမီးကြီးအား ဦးနှောက်ပျက်မတတ်ခြေရာခံနေခဲ့ပြီး လတ်တလောမှသာ လက်လျော့ခဲ့ခြင်း ဖြစ်သည်။
ဆွံ့အအဘွား၏ သေခြင်းနှင့် ပတ်သက်လာလျှင် သူမက နောင်တရကာ စိတ်မသက်မသာ ဖြစ်နေရဆဲဖြစ်သည်။ သို့တိုင် ၎င်းမှာ Mu Linger မှ သူမအား အကြောင်းအရင်း မရှိပဲ စွပ်စွဲနိုင်မည်ဟု မဆိုလိုပေ။
“ကြောင်သူတော်.. ငါ.. Mu Linger က အဘွားအို တစ်ယောက်ကို အနိုင်ကျင့်တဲ့ သူတွေကို အထင်သေးတယ်။" Mu Linger မှာ ဒေါသတကြီးပြောလိုက်သည်။ တစ်ကြိမ်တွင် ဆွံ့အအဘွား၏ ခေါင်းမှ ဆံချည်တစ်မျှင်ပင် ထိခဲ့လျှင် သူမက Han Yunxi အား ကဲ့ရဲ့မိလိမ့်မည်ဟု ပြောခဲ့သည်။
Han Yunxi မှာ နားမလည်နိုင်ပေ။ သူမက မြင်းလှည်းပေါ်မှ ဆင်းလာကာ ပြောလိုက်သည်။ “Mu Linger နင်က ငါ့ကို သက်သေပြပြီး သေချာရှင်းပြတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီနေ့ ထွက်သွားဖို့ မစဥ်းစားနဲ့။”
“သက်သေ..” Mu Linger မှာ အေးစိမ့်စွာ ရယ်လိုက်သည်။ “ငါက နင့်ကို အစတည်းက သံသယမဝင်တာ ခေါင်းမှာ အပေါက်ဖြစ်နေလို့ပဲ နေရမယ်။ နင်.. နင်ကိုယ်တိုင်က သက်သေပဲ ..ဒါကြောင့် ငါက နင့်ကို ဘာတွေ ထပ်ပြီး သက်သေပြရဦးမှာလဲ။”
“နင့်ပါးစပ်က မဟုတ်တန်းတရားတွေ ပြောပြီး လေလည်နေတာ ရပ်လိုက်တော့..” Han Yunxi မှာ ပြန်အော်လိုက်တော့သည်။
“ဘာလဲ.. နင်က ငါ့ကို ထုတ်ပြောစေချင်နေတာလား။” Mu Linger မှ ပြန်ပြောလာသည်။ “ Han Yunxi ငါ့ရဲ့ မူမျိုးနွယ်၊ နင်နဲ့ချင်ဝမ် ပြီးတော့ ချီကိုကိုကပဲ ဆွံ့အအဘွားရဲ့ တည်ရှိမှုကို သိနေတာ။"
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historyczne**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...