အခန်း(၅၀၄)
တစ်ဘဝလုံး ဟန်ဆောင် နေလို့ရတယ်။
သူမကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။
သူ့ထံမှ ထိုစကားတစ်ခွန်းမှာ Han Yunxi အတွက် အဆုံးသတ် ထိုးနှက်ချက် ဖြစ်သွားတော့သည်။ သူမ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် နီးမြန်းနေခဲ့ကာ သူ၏ စကားများအား လက်မခံလိုပဲ အံ့အားသင့်စွာကြည့်နေသည်။
“မင်းရဲ့ ဆေးကို သောက်လေ..” သူက နောက်တစ်ကြိမ် ထပ်မံ တိုက်တွန်းလိုက်သည်။
ထျန်းနင်နဲ့ တိမ်တိုက်ကုန်းမြေကြီးတစ်ခုလုံး ပြိုလဲသွားရင်တောင် ငါက ဂရုမစိုက်နိုင်ဘူး။ ယခုတွင် ကမ္ဘာ၌ အရေးအကြီးဆုံးကိစ္စမှာ သူ၏ လက်ထဲရှိ ဆေးပန်းကန်လုံးပင်။ Han Yunxi မှာ သူ့အား ကြာမြင့်စွာ ငေးကြည့်နေပြီးနောက် နှုတ်ခမ်းများအား တင်းကျပ်စွာ စေ့ထားကာ ဆေးသောက်ရန် ငြင်းဆန်နေသည်။
Long Feiye မှာ ယခုကဲ့သို့ မည်သည်အချိန်မှ စိတ်ရှည်ခဲ့ဖူးမည် မဟုတ်ပေ။ “လိမ္မာလေ .. ထပ်ပြီး ဂျီကျ မနေနဲ့တော့..” ပန်းကန်လုံးမှာ Han Yunxi ၏ နှုတ်ခမ်းရှေ့တွင် ရောက်လာသော်လည်း သူမက မလှုပ်သေးချေ။
“လာ.. သောက်လိုက်..” သူ၏ မျက်ခွံများမှာ အောက်စိုက်နေကာ သဘောထားမှာ ညင်သာလှသည်။ သူက တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ယောက်အား မည်သည့်အချိန်မှ ဒေါသထွက်မည့်ဟန် မတူပေ။
နောက်ဆုံးတွင် သူမက ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။ “ကျွန်မက တကယ်ပဲ အဲ့တာကို တမင်လုပ်တာ မဟုတ်ပါဘူး။”
သူက အကြောင်းအရာအား ရှောင်တိမ်းသွားလေသည်။
“မင်းရဲ့ ဆေးသောက်လေ..”“ရှင်က ကျွန်မကို ခွင့်လွှတ်မှာလား..” သူမက ပြတ်သားစွာ မေးလိုက်သည်။
စကားပြောမည့်အစား သူက ခေါင်းယမ်းလိုက်သည်။ သူမက ရုတ်တရက်ဆေးပန်းကန်လုံးအား ဆွဲယူကာ နောက်ဆုံးတစ်စက်အထိ သောက်လိုက်သည်။ “ကျွန်မ သောက်ပြီးပြီ။”
ဒါ… Long Feiye မှာ အံ့အားသင့်ကာ မှင်သက်သွားသည်။ သူမက တစ်ပန်းကန်လုံးအား တစ်ကျိုက်တည်း သောက်လိုက်သည်အား ကြည့်ရင်း အံ့အားသင့်နေသော်လည်း သူ၏ နှလုံးသားမှာ ယခင်ကထက် ပို၍ တောင့်တင်းလာသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficción histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...