အခန်း(၅၈၂)

859 86 22
                                        

အခန်း(၅၈၂)

မြေသား တုန်လှုပ်စေနိုင်သော။ ခွန်အား ပြိုင်ပွဲ။




အခု ဘယ်သူရောက်လာတာလဲ။

၎င်းမှာ အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်စီဖြစ်ကာ အနက်ရောင် ၀တ်စုံဖြင့် မျက်နှာအား ဖုံးကွယ်ထားကြသည်။ သူတို့၏ သရုပ်မှန်အား ရှင်းလင်းစွာ မသိရပေ။ သို့တိုင် အမျိုးသားမှာ အမျိုးသမီးအား ခါးမှာ ဆုတ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် ကြာပွတ်အား ကိုင်ထားသည်။ သူ၏ပုံစံမှာ အရပ်မြင့်မားကာ လျှို့ဝှက်ဆန်းကြယ်၍ လေထဲတွင် ပျံဝဲနေသည်။ သူ၏ ရင်ခွင်ထဲရှိ အမျိုးသမီးမှာ သူတို့ထံ ပျံသန်းလာသော မြှားများအား ဂရုစိုက်ဟန်မတူပဲ ထိုအစား အနှစ်တစ်ထောင် ဂင်းကိုပင်အား လုံးလုံး အာရုံစိုက်နေလေသည်။

Chu Yunyi မှာ ထိုသူများမှာ Long Feiye နှင့် Han Yunxi အစစ်ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ Long Feiye ၏ ရွှေနဂါးကြာပွတ်စွမ်းရည်အား မမြင်ဖူးသော်လည်း Wu Yi ထံမှ စကားများစွာ ကြားခဲ့ရသည်။ နောက်ဆုံးအကြိမ် အဆိပ်ဂိုဏ်း၏ မြေအောက်နန်းတော်တွင် Long  Feiye ၏ အစစ်အမှန် ကျွမ်းကျင်မှုမှာ ကောင်းကင်ယံတောင်၏ ဓါးသိုင်း မဟုတ်ပဲ အရင်းအမြစ် မသိနိုင်သော ကြာပွတ်စွမ်းရည် ဖြစ်ကြောင်း Wu Yi  မှာ သတိပြုမိခဲ့သည်။ သူက ဆုတ်ကိုင်ထားသည့် အမျိုးသမီးမှာ ကိုယ်ခံပညာတစ်ခုတစ်လေမှ တတ်မြောက်ထားခြင်း မရှိသော Han Yunxi အစစ်အမှန်ဖြစ်ရမည်။ 

Long Feiye မှာ Han Yunxi  အား  ဂင်းကိုပင်ခြေရင်းတွင် နေရာချပေးလိုက်သည်။ အစောတွင် ရယ်မောနေခဲ့သော မျက်နှာဖုံးစွပ် အမျိုးသားမှာ ချက်ချင်းပင် သစ်ပင်သို့ ဦးတည်သွားပြီး အဆိပ်သခင် အမျိုးသမီးအား မညှာမတာ ကန်ထုတ်ပစ်လိုက်သည်။သူက Han  Yunxi ၏ အစောင့်အကြပ်အဖြစ် ရှေ့တွင် ရပ်လိုက်လေသည်။ အမှန်ပင် ထိုသူမှာ Gu Qishao မှလွဲ၍ အခြားသူမဟုတ်ပေ။ အခြားမျက်နှာဖုံးစွပ်ထားသော အမျိုးသားနှစ်ဦးမှာ သဘာဝကျစွာဖြင့် Chu Xifeng နှင့် Tang Li တို့ပင်။

Gu Qishao မှ Han Yunxi ထံ ရောက်သွားပြီး Long Feiye မှ ကောင်းကင်ပေါ်ကို ပြန်တက်သွားကာ Chu Xifeng နှင့် Tang Li မှာ ရန်သူများအား တစ်လမ်းလုံး တိုက်ခိုက်လိုက်သည်။ သူ၏ ကျွမ်းကျင်လှသော ကြာပွတ်နှင့် အစွမ်းထက်သော အတွင်းအားများမှာ ကြမ်းတမ်းသော ရိုက်ချက်တစ်ခုစီတွင် မရေမတွက်နိုင်သော မြှားများအား ပျံ့ကျဲသွားစေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now