အခန်း(၄၃၁)

1.5K 163 66
                                        

အခန်း(၄၃၁)

လှလွန်းတယ်။







အကယ်၍ အတိတ်တွင်ဆိုလျှင် Long Feiye မှ သူမအား လူမြင်ကွင်းတွင် ကြင်နာပြခြင်းအား သံသယဝင်ကာ စိတ်ထဲတွင် ရည်ရွယ်ချက်များ ရှိနေသည်ဟု ယူဆခဲ့နိုင်သည်။ အဲဒီတုန်းက သူမကို ပြန်မရနိုင်တဲ့ အချစ်မျိုး ရှိနေဖို့ ဘယ်သူက ပြောလို့လဲ။

သို့သော် သူနှင့် နှစ်ဝက်လောက် အဆက်မပြတ် အတူနေထိုင်ပြီးချိန်တွင် သူမက ထိုကဲ့သို့ ထပ်မံ၍ မစဥ်းစားတော့ပေ။ ချင်ဝမ်မှ သူမအား သဘောကျသည်ဆိုသော အသိဖြင့် ထိုအမျိုးသား၏ ကြင်နာမှုအား ပွင့်လင်းစွာ လက်ခံလိုက်တော့သည်။ နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် သဘောကျနေသရွေ့ သူက ပေးအပ်သမျှ အရာအားလုံးအား သူမက လက်ခံပေးမည်။ သူမက သူ၏ အင်္ကျီလက်အား အချိန်ကြာမြင့်စွာ စိုက်ကြည့်နေလျှင် နောက်ဆုံးတွင် Long Feiye မှာ မေးခွန်းထုတ်လာတော့သည်။ "မင်းဘာကြည့်နေတာလဲ။"

Han Yunxi မှာ အကြည့်လွှဲလိုက်ပြီး အလေးအနက်ဖြင့် "ဝမ်ရယ်က ကယ်ပေးတာကို ကျေးဇူးတင်ပါတယ်။"

Long Feiye မှာ သူမအား မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ "အင်း"

အဲ့တာပဲလား။ သူက ဘာမှ မပြောတော့ဘူးလား။ ဒါမှမဟုတ် ငါ့ကို နှစ်သိမ့်တာတောင် မလုပ်တော့ဘူးလား။ ထိုနေရာတွင် ကိစ္စများက အန္တရယ်များခဲ့သောကြောင့် သူမနှလုံးသားမှာ တင်းကျပ်နေဆဲဖြစ်သည်။ "တကယ်လို့ ဝမ်ရယ်ကသာ ခြေတစ်လှမ်း နောက်ကျရင် ချန်ချီက တကယ်ပဲ မျက်နှာပျက်ရတော့မှာ။" Han Yunxi မှာ ဆက်ပြောလိုက်သည်။

Long Feiye မှာ တူညီသော အသံတစ်သံဖြင့်သာ ပြောလိုက်သည်။ "အင်း.."

"ဝမ်ရယ်က ချန်ချီကို လာရှာတော့.. ချန်ချီတကယ်ပဲ ပျော်တယ်။" Han Yunxi မှာ ထပ်မံ လှုံ့ဆော်လိုက်ပြန်သည်။

"အင်း.." Long Feiye မှာ မလှုပ်မယှက် ရှိနေဆဲပင်။

ကောင်းပြီ။ သူက ဒီလိုအပြုအမူမျိုးပဲ ရှိမယ်ဆိုတာ သူမက သိနေတယ်။ သူမက ကြီးကြီးကျယ်ကျယ် ဦးညွှတ်ပြီး သူ့ရဲ့ ကျေးဇူးအတွက် ရွှန်းရွှန်းဝေအောင် ကျေးဇူးတင်နေရင်တောင် ခေါင်းငြိမ့်ရုံကလွဲပြီး ဘာမှလုပ်မှာ မဟုတ်ဘူး။ ဘယ်လို အေးစက်ပြီး သုန်မှုန်တဲ့ကောင်လဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now