အခန်း(၅၈၉)

545 58 12
                                    

အခန်း(၅၈၉)

ကိုယ်ပိုင်ဆန္ဒဖြင့် ရောက်လာခြင်း။






Ouyang Ning Jing မှ ထပ်ပြောလိုက်သည်။ “ဒီဥက္ကဋ္ဌက မြောက်ပိုင်းလီဧကရာဇ်နဲ့ ဆွေးနွေးပြီးသွားပြီ။ မြောက်ပိုင်းလီက သူတို့ရဲ့ နှင်းတောင်တွေကို မူမျိုးနွယ်က အရင်သုံးပြုခဲ့တဲ့ နေရာအပါအဝင် တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုကို ငှားပေးဖို့ ဆန္ဒရှိနေတယ်။ အဲဒါက စုစုပေါင်း  တောင် သုံးလုံး။ ဒီဥက္ကဌက ဒီလတွေမှာ ဆေးဝါးမြို့တော်မှာပဲ အချည်းအနှီး ဖြုန်းတီးခဲ့တာ မဟုတ်ဘူး။ မူ နဲ့ ရှဲ့မျိုးနွယ်က ဆေးဝါးပညာရှင် စုစုပေါင်း ဆယ်ယောက်က ကျွန်မတို့နဲ့ တစ်သက်တာ စာချုပ် ချုပ်ခဲ့သည်။ နောက်နှစ် နွေဦးဆိုရင် သူတို့က တောင်တွေဆီ  ပြောင်းရွှေ့ပြီး အပင်​တွေ စပြီး စိုက်ကြလိမ့်မယ်။”

သူမ၏ စကားကြောင့် ခန်းမတစ်ခုလုံး ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာတော့သည်။ Ouyang Ning Nuo ပင်လျှင် သူ့ကိုယ်သူ သိမ်ငယ်စိတ်ဖြင့် သက်ပြင်းချလိုက်ရသည်။သူ၏ အစ်မဖြစ်သူလက်ထဲရှိ လှည့်ကွက်များမှာ အသေအချာပင် သူ့ထက် များပြားလှသည်။ သူမက မြောက်ပိုင်းလီဧကရာဇ်နှင့်ပင် လူကိုယ်တိုင် စကားပြောနိုင်ခဲ့သည်။ Jun Yixie သာကြားရင် ဘယ်လိုခံစားရမလဲ။

အသေအချာပင်။ Ouyang Ning Nuo မှာ Han Yunxi ၏ တုံ့ပြန်မှုအား ပို၍ မျှော်လင့်နေသည်။သို့သော်လည်း ယခုအချိန်တွင် သတင်းမှာ လျှို့ဝှက်ထားရဦးမည်။ ထို့သို့ဖြင့် သူတို့က တောင်ပေါ်မှ အထွက်နှုန်းကောင်းသော ဆေးဝါးများ၏ အကျိုးကျေးဇူးများအား မရရှိနိုင်ခင် ဆေးဝါးမြို့တော်အား ထိုးနှက်နိုင်ဦးမည်။ ဈေးကွက်မှာလည်း ယခင်လောက် မကျယ်ပြန့် တော့သည့်တိုင် သူတို့အတွက် နေရာတစ်ခုရှိနေဦးမည် ဖြစ်သည်။ 

“ဒုတိယအစ်မ.. အစ်မက လုပ်ငန်းစုမှာ အမြဲရှိနေရင် အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်။အိမ်ထောင်ရေးကို မေ့လိုက်တော့။” Ouyang Ning Nuo မှ ပြုံးစိစိဖြင့် ပြောလိုက်သည်။

"အိမ်ထောင်ရေး… ဒီသခင်မလေးက ငါတို့မိသားစုနာမည်ကို ခံယူမယ့် သားမက်တစ်ယောက်ကိုပဲ ရှာလိုက်မယ်။” Ouyang Ning Jing မှ အေးစက်စွာ ဖြေလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now