အခန်း(၄၉၁)

1K 120 8
                                        

အခန်း(၄၉၁)

သူမ၏ ဆေးအိတ်လေး။






ဟန်အိမ်သို့.....

သူမ၏ စကားများကြောင့် Chu Xifeng မှာ ငိုချမတတ်ဖြစ်သွားတော့သည်။ သူက သူမအား နားချချင်နေသော်လည်း မည်သို့ နားချရမည်မှန်း မသိချေ။ သူက အရှင့်သားချင်ဝမ်အား ပြန်သွားပြောချင်သော်လည်း တုံ့ဆိုင်းနေပြန်သည်။

လက်ရှိတွင် အရပ်သားများမှ စစ်သည်များအဆုံး ဆောင်ကြာမြိုင်အပြင်တွင် စုဝေး နေကြသည်။ မရေမတွက်နိုင်သော မျက်လုံးများစွာမှာ သူတို့အား ကြည့်နေသည်။ သူက လေးစားရတဲ့ဝမ်ဖေးအား အိမ်ပြန်ရန် ဆွဲဆောင်ခြင်း ကျရှုံးသွားကာ သူမက နေရာတွင် ဒေါသထွက်လာလျှင် လူအုပ်အတွက် ရယ်မောစရာ ဖြစ်လိမ့်မည်။ သို့တိုင် အကယ်၍ သူသာ သတင်းပြန်ပို့လိုက်လျှင် အရှင့်သားချင်ဝမ်၏ လက်ရှိ စိတ်အခြေအနေဖြင့် ဆိုလျှင် သောင်းကျန်းလိမ့်မည်။

တကယ်လို့ သူက ထိန်းမနိုင်သိမ်းမရဖြစ်ပြီး လေးစားရတဲ့ ဝမ်ဖေးကို အိမ်ပြန်ဖို့ ဖိအားပေးလိုက်ရင်...... Gu Qishao က စွက်ဖက်ဖို့ ဆုံးဖြတ်လိုက်လျှင် ရယ်မောစရာကိစ္စမဟုတ်တော့ပဲ သုံးပွင့်ဆိုင် အချစ်အကြောင်း ကောလဟာလတွေပဲ ပေါက်ကွဲသွားလိမ့်မည်။

Gu Qishao က ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ပတ်တီးတွေနဲ့ စည်းထားပေမယ့် အင်္ကျီမဝတ်ထားရသေးဘူး။ အသေအချာပဲ လေးစားရတဲ့ ဝမ်ဖေး က အရေးပေါ်အခြေအနေတစ်ခုကြောင့် လုပ်ခဲ့တာ။အထူးသဖြင့် လူနာက ခန္ဓာကိုယ်အပေါ်ပိုင်းကိုပဲ ဖော်ပြထားတာကြောင့် ကြီးကြီးမားမား အရေးမပါဘူး။ဒါပေမယ့် ဒါက ဆောင်ကြာမြိုင် ဖြစ်နေတယ်။ ထိရှလွယ်တဲ့ နေရာတစ်ခုပဲ။

Gu Qishao မှာ ဆောင်ကြာမြိုင်မှထွက်ကာ Han Yunxi ၏ နောက်သို့ လိုက်လာခဲ့လျှင် လူများစွာမှာ သူက လေးစားရတဲ့ ဝမ်ဖေးအား မည်သို့ ကယ်တင်ခဲ့သလဲ၊ သူတို့က ဘယ်လောက်ကြာအောင် အတူရှိနေလဲ၊ လုပ်ကြံသူများ ထွက်ပြေးသွားတဲ့အခါ ဘာလို့ လေးစားရတဲ့ဝမ်ဖေး က အကူအညီ မခေါ်ခဲ့တာလဲ ဆိုသည်များအား သိချင်နေကြသည်။ သူတို့က ထိုမေးခွန်းများမှာ စတင်လိုက်သည်နှင့် အမျိုးမျိုးသော မှန်းဆချက်များ ပြုလုပ်ကြ တော့မည်။ ထို့နောက် ကောလဟာလများအဖြစ်သို့ ကြီးထွားလာလိမ့်မည်။ယခုအချိန်တွင် အကောင်းဆုံး ဆုံးဖြတ်ချက်မှာ လေးစားရတဲ့ဝမ်ဖေးအား နှင့် Gu Qishao အား လူအုပ်ထဲမှ အမြန်ဆုံး ပျောက်ကွယ်စေရန်ဖြစ်ကြောင်း Chu Xifeng မှာ သိနေသည် ။ အဓိကလူတွေက ပြုမူဖို့ နစ်မြှုပ်နေတုန်းပဲမလို့ လုပ်ကြံသူတွေဆီ အာရုံလွှဲလိုက်တာ ပိုကောင်းလိမ့်မယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now