အခန်း(၅၁၁)
သူက ပေါ်လာမှာလား။
Gu Beiyue ၏ ကိစ္စမှာရှင်းလင်းပြီးစတွင် Mu Linger ၏ ကြေငြာသံမှာ ထွက်ပေါ်လာသည်။ နောက်တစ်ကြိမ် လူအုပ်မှာ မှင်သက်သွားရပြန်သည်။ Gu Qi Sha မှာ သူ၏ ဆိုးယုတ်သော လမ်းစဥ်မှ ပြောင်းလဲကာ ချင်ဝမ်ဖေးနှင့် ဆေးနတ်ဆိုးဆေးပေးခန်းဖွင့်လှစ်ခြင်း၊ ဆေးဝါးမြို့တော် မူမိသားစုမှ ဆေးတံဆိပ်ပေးအပ်ခြင်းနှင့် ဆေးပေးခန်း၏ တောင်ဘက်နင်စီရင်စုတစ်ခုလုံးတွင် ဆေးဝါးပညာရှင်များ ငှားရမ်းရန် ကြေငြာခြင်းတို့မှာ တိမ်တိုက်ကုန်းမြေကြီးတစ်ခုလုံးနှင့် ဆက်စပ်နေသော ဆေးပညာသင်တန်းကျောင်းမှာ ဤနေရာတွင် ဖြစ်ပျက်သမျှ အရာကိစ္စများအား စိတ်ဝင်စားနေကြသည်။ ယနေ့တွင် ဆေးပေးခန်း၏ ဖွင့်ပွဲကြီး ဖြစ်ကာ ပွဲအား လာကြည့်သူများမှာ သာမာန်ပြည်သူများသာ မဟုတ်ပေ။
ဆေးဝါးနှင့် ဆေးမြို့တော်မှ မရေမတွက်နိုင်သော လူများမှာ ဆေးနတ်ဆိုးဆေးပေးခန်း၏ တံခါးအပြင်ရှိ လူအုပ်ထဲတွင် ရပ်နေကြစဥ် ပတ်ဝန်းကျင်ရှိ တည်းခိုခန်းများမှာ လူအများမှ ကြည့်ရှုရန် သီးသန့်ခန်းများ ကြာမြင့်စွာကပင် ငှားရမ်းထားကြရသည်။ လူအုပ်ထဲတွင် သိသာထင်ရှားသော လူများစွာ ပါဝင်နေသော်လည်း Mu Linger ၏ အပြောအဆိုကြောင့် ထိတ်လန့်သွားကြတော့သည်။ ဒီပုပ်သိုးနေတဲ့ ကောင်မလေးကတော့.. သူမက တကယ်ပဲ Gu Qi Sha ကို စိန်ခေါ်ချင်နေတယ်။ ဘယ်သူကမှ မလုပ်ခဲ့သလို လုပ်လိမ့်မှာလဲ မဟုတ်ဘူး။
သူမက ဆေးဝါးမြို့တော်သမိုင်းတွင် အရည်အချင်းအရှိဆုံး ဆေးဝါးပညာရှင်အဖြစ် အသိများသော်လည်း Gu Qi Sha နှင့် ယှဉ်လျှင် လျစ်လျူရှုထားနိုင်သေးသည်။ သူ့အား ဆေးမိစ္ဆာဟု အကြောင်းမဲ့ ခေါ်ဆိုခြင်း မဟုတ်ပေ။ အသေအချာပင် ၎င်းမှာ အခြား ဆေးပညာရှင်တစ်ယောက်ဆိုလျှင်စိန်ခေါ်မှုမှာ ပြသနာ မရှိပဲ အများဆုံးအနေဖြင့် ရယ်မောခံခြင်းသာ ရှိလိမ့်မည်။ သို့တိုင် Mu Linger မှာ အနေခက်ရမည့် နေရာတွင် ရှိနေသည်။ ဆေးနတ်ဆိုးဆေးပေးခန်းဖြင့် စီးပွားရေး အပေးအယူပြုလုပ်ကာ ဆေးတံဆိပ်အား ပေးခဲ့သူမှာ သူမ၏ မူမိသားစု ဖြစ်နေသည်။ အခု သူမက ဘာလုပ်နေတာလဲ။ ကိုယ်ဘာသာ ကိစ္စတွေ ရှုပ်ထွေးနေတာလား။ လူအုပ်မှ ပဟေဌိအား အဖြေရှာရန် ကြိုးစားနေကြစဥ် ကောလဟာလမျိုးစုံမှာလည်း ထွက်ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ သတင်းများ ရှိလာပြီ ဖြစ်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Fiksyen Sejarah**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
