အခန်း(၅၉၂)

730 75 28
                                        

အခန်း(၅၉၂)

ချဥ်လား။





Long Feiye  မှာ အနည်းငယ်ပင် အားသုံးထားဟန်မတူသော်လည်း Han Yunxi  မှာ သူ၏ ရင်ဘတ်တွင် ထိကပ်ခံရကာ မလှုပ်ရှားနိုင်ဖြစ်နေသည်။ သူမက သူ့ထံမှ ရှာလကာရှည်နံ့ရရန် အနားသို့ လာရောက်စရာမလိုပေ။ သူမက တစ်မိုင်အကွာကပင် သူ့အား အနံ့ခံနိုင်လောက်သည်။

“မင်းအရှင်ရဲ့ မေးခွန်းကိုဖြေ။"  Long Feiye ၏ အလေးအနက် အသံမှာ ရင်ဘတ်တွင် ကျယ်လောင်နေဟန်တူသည်။ အသံမှာ အနည်းငယ် ကွဲအက်နေကာ Han  Yunxi ၏ နားရွက်ထိပ်လေးများအား နီမြန်းသွားစေတော့သည်။ ဤသို့သော သူ၏ အသံအနေအထားမျိုးနှင့် သူမက စိမ်းသက်ခြင်း မရှိပေ။ အတိတ်တွင်ဆိုလျှင် သူမက စိတ်တွင်း၌ ဗလာဖြစ်သွားလောက်ပြီဖြစ်သော်လည်း ယခုတွင် ကိစ္စများမှာ ကွာခြားလာသည်။ အတိတ်မှ အရူးလေးကဲ့သို့  မဟုတ်တော့ပဲ ယခုတွင် သူမက ပို၍ စစ်မှန်ကာ ရိုးသားလာသည်။

“သူက သွားပြီကို ရှင်က ချဥ်နံ့ထွက်နေတုန်းပဲ။”  Han Yunxi  မှာ ပြုံးနေဆဲပင်။

Long Feiye ၏  မပျော်မရွှင်ဖြစ်နေမှုမှာ မျက်နှာအနှံ့ရေးထားလေသည်။ ၎င်းမှာ သူ၏ နှလုံးသားသို့ ရောက်လုနီးပါးပင်။

“ဟုတ်တယ်။" Long Feiye  မှာ ပွင့်လင်းစွာ ဝန်ခံလာလျှင် Han Yunxi  မှာ ပြောစရာ စကားများ ပျောက်ဆုံးသွားတော့သည်။ သူမက နောက်ထပ် ဘာပြောရမှန်း မသိတော့ပေ။

“အစ်ကိုကြီး..” ထိုစဥ်  Tang Li ၏ ကျယ်လောင်သော အသံမှာ ပျံ့လွင့်လာပြီး Chu Xifeng  နှင့်အတူ ခြေလှမ်းကျယ်ကျယ် လှမ်းလာ ဝင်လာလေသည်။ သူတို့က တစ်ဖက်ရှိအခန်းတွင် စစ်သူကြီးနင်မှ ထွက်သွားသည်အား အရိပ်ထဲတွင် ကြည့်နေခဲ့သည်။ နှစ်ယောက်မှာ ထွက်လာရန် အခွင့်အရေးများစွာ ရှိနေခဲ့သည်။ သို့သော် သူတို့က နှစ်ကိုယ်ကြားချိန်လေးတွင် ရောက်လာမည်ဟု မည်သူက ထင်ထားမည်လဲ။

Tang Li  မှာ သတိလက်လွတ်ဖြင့် ပါးစပ်အား ကာလိုက်ပြီး အချိန်ကောင်းလေးအား ဖျက်ဆီးမိသွားကြောင်း သဘောပေါက်သွားတော့သည်။ သို့တိုင် သူကထိုမျှ ကျယ်လောင်စွာ ခေါ်ခဲ့သည့်တိုင် Long Feiye  မှာ မည်သည့်အရာမှ မကြားသကဲ့သို့ ပြုမူနေသည်။ ထိုအစား Tang Li  အား လှမ်းကြည့်ရန် ပြင်လိုက်သော Han Yunxi  မှာ သူမက မလှုပ်နိုင်သည်အထိ ခေါ်ထားခံရကြောင်း တွေ့ရှိသွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now