အခန်း(၅၀၈)

712 83 8
                                    

အခန်း(၅၀၈)

Mu Yingdong,  ရှင်က ကျွန်မတို့ကို လုယက်နေတာပဲ။




ဆေးနတ်ဆိုးဆေးပေးခန်း၏ ကြီးမားသော အဆောက်အအုံနောက်တွင် ခမ်းနားသော ဧည့်ခန်းမသို့ ဦးတည်နေသည့် ပန်းဥယျာဥ်ရှိနေသည်။ Wang Zhongyang နှင့်  Xie  Hongming တို့မှာ Mu Chaoran  ၏ အဖြစ်အပျက်အား မသိကြသဖြင့် သူက အထဲတွင် ထိုင်နေသည်အား မြင်လျှင် အံ့အားသင့်သွားခြင်း မရှိပေ။ ထိုအစား Mu Chaoran  မှသာ အံ့အားသင့်သွားသည်။

အဲ့ဒီနှစ်ယောက်ကကော ဘာလို့ ရောက်လာတာလဲ။ အရှင့်သားချင်ဝမ်နဲ့ လေးစားရတဲ့ဝမ်ဖေးက ငါ့အဖေကပဲ လက်ဖက်ရည်သောက်ဖို့ လာမယ်လို့ ပြောခဲ့တာ…

သူ၏ ဖခင်ဖြစ်သူမှာ ဤနေရာသို့ လက်ဖက်ရည်သောက်ရန် လာရောက်ခြင်း သို့မဟုတ် ချင်ဝမ်ဖေးမှာ ရိုးရှင်းစွာ ဆေးဝယ်လိုခြင်း မဟုတ်မှန်း သူက ခန့်မှန်းနိုင်သော်လည်း ထိုကိစ္စများမှ ဝမ်နှင့် ရှဲ့မျိုးနွယ်တို့ဖြင့် သက်ဆိုင်နေသည်အား နားမလည်နိုင်ပေ။ ချင်ဝမ်ဖေးက မျိုးနွယ်သုံးခုကြားမှာ ဈေးဝယ်ပြီး ဈေးနှုန်း နှိုင်းယှဉ်မလို့လား။ ချင်ဝမ်အိမ်တော်က ဒီလောက် ချမ်းသာတာ ဘာလို့ စရိတ်စက တွက်ချက်ဖို့ လိုအပ်မှာလဲ။ မဟုတ်ရင် သူမက ပစ္စည်း ပမာဏ အများကြီး ဝယ်မလို့လား။

Mu Chaoran  မှာ ခေါင်းထဲတွင် ခွဲခြမ်းစိတ်ဖြာပြီးနောက် နောက်ထပ် ကိုယ်ပိုင် ကောက်ချက်ဆွဲလိုက်ပြန်သည်။ သူက လာမည့် စကားဝိုင်းတွင် ပါးစပ်ပိတ်နေရန် ဆုံးဖြတ်ထားလိုက်သည်။ အဆုံးတွင် သူက အနိမ့်ဆုံးဈေးနှုန်းဖြင့် ကမ်းလှမ်းခဲ့သဖြင့် ဝမ် သို့မဟုတ် ရှဲ့ မျိုးနွယ်မှာ အရှုံးမခံနိုင်လျှင် သူ့အား အနိုင်ယူနိုင်မည် မဟုတ်ပေ။ ဆေးပင်များအတွက် မြေဆီလွှာနှင့် တစ်မူထူးခြားသော အခြေအနေများမှာ မြင့်မားစွာ လိုအပ်သည်။ မူမျိုးနွယ်တွက် မြေကွက်များစွာ ရှိရုံသာမက စွမ်းဆောင်ရည်ရှိသော အလုပ်သမားများစွာ ရှိနေသဖြင့် ထုတ်လုပ်ရေး ကုန်ကျစရိတ်မှာ ဝမ် သို့မဟုတ် ရှဲ့မျိုးနွယ်များထက် နည်းပါးသည်။ ဈေးနှုန်းနှင့် အရည်သွေးအား နှိုင်းယှဉ်လျှင် မူမျိုးနွယ်မှာ နှစ်ဖက်လုံးထက် သာလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now