အခန်း(၄၈၀)
ချင်ဝမ်အား လာဘ်ထိုးခြင်း၏ နောက်ဆက်တွဲ။
Zhangsun Zelin မှာ တစ်နေ့လုံး စောင့်နေခဲ့ပြီး နောက်ဆုံးတွင် ချင်ဝမ်နှင့် တွေ့ရလေသည်။ သူက တူညီစွာ စိုးရိမ် စိတ်လှုပ်ရှားကာ ထိတ်လန့်နေသော်လည်း လောင်းကြေးတွင် အရေးကြီးသော အကျိုးအမြတ်အား စဥ်းစားရန် အကြောင်းပြချက်အား လုံလောက်စွာ ထိန်းသိမ်းထားသေးသည်။ ယမ်းမှုန့်ပေါက်ကွဲမှု၏ နောက်ကွယ်တွင် ချင်ဝမ်မှ ရှိနေကြောင်း သူက မသိခဲ့သော်လည်း ထိုအမျိုးသားမှ သူ့အား တိုက်ရိုက်လာတွေ့မည့်အစား တမင် သူ့အတွက် ကိစ္စများ ခက်ခဲအောင် လုပ်နေမှန်း ခန့်မှန်းနိုင်သည်။
အကယ်၍ ထိုသို့ ဆိုလျှင် အကြံအစည်ရှိနေရမည်။ သို့ဖြင့် သူက မည်သို့ ကိုင်တွယ်ရမည်အား အဖြေရှာနေသည်။ လက်ဖက်ရည်ခန်းထဲသို့ ဝင်လာပြီးနောက် သူက ရင်ဘတ်ရှေ့တွင် လက်ဆုတ်ကာ ဦးညွှတ်လိုက်သည်။ “ဒီနိမ့်ကျတဲ့ Zhangsun Zelin က အရှင့်သားချင်ဝမ်နဲ့ လေးစားရတဲ့ဝမ်ဖေးကို နှုတ်ဆက်ပါတယ်။”
Long Feiye မှာ သူ့အား မထိမဲ့မြင်ဖြင့် ကြည့်လိုက်သည်။ “ကောင်းကင်နယ်ပယ် မှောင်ခိုဈေးတစ်ဝက်ရဲ့သခင်… မင်းက ဘယ်လောက် ဂုဏ်ရှိလိုက်လဲ၊ မင်းရဲ့ မျက်လုံး ရှေ့မှာ ဒီအရှင်က သာမာန်လူပဲမလို့ နှုတ်ဆက်တာကို လက်မခံဝံ့ပါဘူး။"
Long Feiye ၏ နှုတ်ခမ်းများမှာ မထိမဲ့မြင်ဖြင့် ကွေးညွှတ်နေခြင်းမှာ Zhangsun Zelin အား ကြောက်ရွံ့မှုကြောင့် တုန်ရင်သွားစေသည်။ သူက စိတ်ပြင်ဆင်လာခဲ့ပြီ ဖြစ်သော်လည်း ထိုအေးစက်သော ဦးရီးတော်အား ထိတ်လန့်မိဆဲဖြစ်သည်။ “အရှင့်သားချင်ဝမ်.. အရှင့်သားက ဒီလူရဲ့ အသက်နှစ်ပေါင်းမနဲကို ယူလိုက်တာပါပဲ။" Zhangsun Zelin မှာ စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
Long Feiye မှာ အေးစက်စွာ ရယ်မောလိုက်သည်။ “ဒီနေ့ မင်းရဲ့ ရောက်လာမှုနဲ့ ငါတို့က တကယ်ပဲ ဂုဏ်ယူမိပါတယ်။ မင်းက ဘာကိစ္စရှိလို့လဲ။”
Zhangsun Zelin မှာ အင်္ကျီလက်ထဲမှ ငွေကြမ်းစာရွက်များအား ထုတ်ယူလိုက်သည်။ “အရှင့်သားချင်ဝမ်.. ဒီလူက တံဆိပ်တုံးနှိပ်ပေးဖို့ ဖိတ်ကြားရတာပါ။ ဒီငွေတွေက ပုဂ္ဂလိကဘဏ်မှာ သိမ်းထားတာ ကြာပါပြီ။ လတ်တလောမှာ ဒီလူက ငွေသုံးဖို့ စီမံကိန်းကောင်းတစ်ခု ရှိနေတာမလို့ ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ထုတ်ချင်ပါတယ်။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
