အခန်း(၄၅၅)
အမျက်ဒေါသ၊ ဆုံးရှုံးရမှုအား ပြန်လည်ရယူလိုခြင်း။
နွေမနက်ခင်းများမှာ လန်းဆန်းကာ သာယာသော အပူချိန်ဖြင့် အပြင်ထွက်ရန် ပြီးပြည့်စုံသော နေ့ရက်ဖြစ်သည်။ Long Feiye နှင့် Han Yunxi တို့မှာ လက်ဖက်ရည်နှပ်ပြီးချိန်တွင် Baili Mingxiang နှင့် Zhao မားမားတို့မှာ Han Yunxi ၏ လက်ဖက်ရည်အတွက် မုန့်များ ယူလာသည်။ ယခုအချိန်တွင် Baili Mingxiang မှာ လေးစားရတဲ့ဝမ်ဖေး၏ မွေးမှတ်အား သတိရရန် လုံလောက်စွာ တည်ငြိမ်သွားပြီ ဖြစ်သည်။ သူမက ချင်ဝမ်အတွက် မုန့်များပါ ကိုယ်တိုင် ပြုလုပ်လာသော်လည်း ထိုအမျိုးသားမှာ သူမအား သတိပြုမိရန် လက်ဖက်ရည်ငှဲ့ရင်း အလုပ်များနေသည်။
တခဏရပ်နေပြီးနောက် သူမက ဦးညွှတ်ကာ ပြောလိုက်သည်။ “ လေးစားရတဲ့ဝမ်ဖေး .. Mingxiang က မှားသွားပါတယ်။”
“အဆင်ပြေတယ်။ ဆေးထည့်ပြီးသွားပြီမလို့ ရက်နည်းနည်းလောက်အတွင်း ပျောက်သွားလိမ့်မယ်။" Han Yunxi မှာ ရန်ငြိုးထားတတ်သူ ဖြစ်နိုင်သော်လည်း သူမက သေးငယ်သော ကိစ္စများအား တွက်ကပ်နေသူ မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ်။ လေးစားရတဲ့ဝမ်ဖေး..” သူမ၏ ကျေးဇူးတင်မှုအား ဖော်ပြပြီးနောက် Baili Mingxiang မှာ ထပ်ပြောလိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး ဒီအစေခံက ဆေးလေးကြိမ် လဲပေးပြီးသွားပါပြီ။ တကယ်လို့ အပူလောင်ထားတာက မသက်သာရင် ကျွန်မတို့က ဆေးအသစ်လဲသင့်ပါတယ်။"
“ကောင်းပြီ။ မင်းက နောက်ဆုတ်လို့ရပြီ။" Han Yunxi မှာ Long Feiye မှ သူမအား နောက်တစ်ကြိမ် လှဲနေခိုင်းမည်အား စိုးရွံ့ကာ ထိုအကြောင်းအရာအား ဆက်မပြောချင်ပေ။ သူမ၏ အပူလောင်ဒဏ်ရာမှာ ကူးစက်နိုင်ခြင်း မရှိသောကြောင့် သူမက အပြည့်အဝ သက်သာလာရန် အချိန်သာ လိုအပ်သည်။ ရက်အနည်းငယ် နှောင့်နှေးသွားခြင်းမှာလည်း ဘေးထွက်ဆိုးကျိုး ကြီးမားစွာ မဖြစ်နိုင်ပေ။ Baili Mingxiang ၏ မျက်လုံးများမှာ ရှုပ်ထွေးနေပြီးနောက် Zhao မားမားနှင့် အတူ နောက်ဆုတ်သွားတော့သည်။
အမှန်တွင် သူမက ချင်ဝမ်မှ ကြားနိုင်ရန် ထိုစကားများအား တမင် ပြောလိုက်ခြင်း ဖြစ်သည်။ သူမက လေးစားရတဲ့ဝမ်ဖေးအား ဆေးလိမ်းရင်း ဝမ်ဖေး၏ ကျောပြင်အား အကြိမ်ပေါင်းများစွာ မြင်ဖူးထားမှန်း ယခုတွင် သူက သိနေလိမ့်မည်။ တကယ်လို့ အရှင့်သားချင်ဝမ်က လေးစားရတဲ့ဝမ်ဖေးရဲ့ ဇာမဏီတောင်ပံခတ်နေတဲ့ မွေးမှတ်နဲ့ ဇစ်မြစ်ကို သိနေရင် အခုဆို မျက်မြင်သက်သေကို ဖယ်ရှားဖို့ ငါ့ကို သတ်ဖို့ စိတ်ကူးနေသင့်ပြီ။ အရှင့်သားရဲ့ တုံ့ပြန်မှု မရှိတာကို ဆုံးဖြတ်ရရင် သူက မသိသေးဘူးထင်တယ်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...