အခန်း(၄၈၃)
တော်ဝင်သမားတော်ကုက ဘယ်လိုနောက်ရမလဲဆိုတာ သိတာပဲ။
ကုအိမ်တံခါးများအား နှစ်အများစုတွင် တင်းကျပ်စွာ ပိတ်ထားခဲ့သည်။ သူတို့က ဧည့်သည်တစ်စုံတစ်ယောက်အား ပွင့်လင်းစွာ လက်ခံခြင်းမှာ ရှားပါးလှသည်။ Gu Beiyue မှာ ရုံးတော်တွင် အဆင့်အတန်းမြင့်သော်လည်း တစ်ကိုယ်တည်းနေထိုင်ကာ နိုင်ငံရေးမှ အဝေးတွင်သာ နေလေ့ရှိသည်။ သူက နန်းတော်တွင်း၌ မိတ်ဆွေများစွာ မရှိသကဲ့သို့ အပေါင်းအဖော်တစ်ယောက်ပင် မရှိပေ။ ရုံးတော်မှ သြဇာကြီးမားသော အင်အားစုကြီးများမှာ သူနှင့် ရင်းနှီးမှုရယူရန် ကြိုးစားကြပြီး ဖိအားပေးရန်ပင် ကြိုးစားခဲ့သော်လည်း ကုအိမ်တံခါးများမှာ ပိတ်နေဆဲဖြစ်သည်။ တော်ဝင်သမားတော်ကုမှာ သူတို့အား တော်ဝင်သမားတော်ခြံဝန်းတွင်သာ ရှာဖွေရန် ပြောခဲ့သည်။
ယနေ့တွင် သူက ကိုယ်တိုင်တံခါးဖွင့်ကာ Han Yunxi အား ကြိုဆိုခဲ့သည်။ သဘာဝကျစွာပင် သူမက အခြားသော ထိုအချက်အလက်များအား မသိထားပေ။ Gu Beiyue မှာ အလွန်ယဥ်ကျေးနေသည်ဟုသာ သူမက ယူဆထားသည်။ သမားတော်မှာ တံခါးဖွင့်ပြီးသည်နှင့် သူမအား တလေးတစားဖြင့် ဦးညွှတ် နှုတ်ဆက်လိုက်သည်။
“လေးစားရတဲ့ဝမ်ဖေးက ရောက်ရှိလာမှုနဲ့ ကျွန်တော်တို့ကို ဂုဏ်ပြုနေတာပဲ။ ကျွန်တော်က တွေ့ဖို့ ထွက်မလာနိုင်တာကို ခွင့်လွှတ်ပါ။ ဒီအရာရှိရဲ့ အမှားပါ။"
“ခွင့်လွှတ်တယ်။" Han Yunxi မှာ Gu Beiyue ၏ လုပ်ပုံကိုင်ပုံအား နေသားကျနေပြီ ဖြစ်သည်။ သူမက Gu Qi Sha အား ကြည့်ကာ ပြောလိုက်သည်။ “ရှင်က မသွားသေးဘူးလား။”
“သွားရမယ်။ ဘယ်သွားရမှာလဲ။” Gu Qi Sha မှာ မသိနားမလည်ဟန်ပြုနေသည်။
“တော်ဝင်သမားတော်ကိုက ရှင့်ကို မကြိုဆိုဘူး။” Han Yunxi မှာ ဗြောင်ကျစွာ ပြောလိုက်သည်။
“အိုက်ယိုး…လေးစားရတဲ့ဝမ်ဖေး.. အရှင့်သားချင်ဝမ်ကသာ မင်းကို ထားခဲ့တဲ့သူမလို့ သူ့ကိုသာ သွားရှာချေ။ မင်းရဲ့ ဒေါသတွေကို ငါ့အပေါ်ပုံမချပါနဲ့။" Gu Qi Sha မှာ အကူအညီမဲ့နေဟန်၌ဖြင့် သက်ပြင်းချလိုက်သည်။ ထိုသူမှာ လျှာစောင်းထက်လှသဖြင့် Han Yunxi မှ သူ့အား သဘောမကျသည်မှာ မထူးဆန်းပေ။
![](https://img.wattpad.com/cover/313293047-288-k148785.jpg)
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficțiune istorică**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...