အခန်း(၄၉၄)

1K 113 9
                                        

အခန်း(၄၉၄)

သူမက အမှန်တရားကို မစဥ်းစားဝံ့ဘူး။







သူက ပြောင်းဆန်စေ့အဆိပ်ဖြေဆေး နောက်ဆုံး အပိုင်းကို မယူထားဘူး။ အဲ့တာ ဘာအဓိပ္ပါယ်လဲ။ တကယ်လို့ သူ မယူထားရင် ဘယ်ရောက်သွားတာလဲ။

Han Yunxi မှာ Gu Qishao အား ခေါ်ထားခြင်း၏ နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ မည်သူထံ ဖြေဆေးရောင်းလိုက်ခြင်းလဲ ဟုမေးရန် ဖြစ်သည်။ သို့တိုင် သူက ရိုးရှင်းစွာပင် မယူဘူးဟု ပြောနေသည်။

“Gu Qishao  စောင့်ဦး..” Han Yunxi မှာ တံခါးအပြင်သို့ လိုက်သွားသော်လည်း သူက ထွက်သွားပြီ ဖြစ်သည်။ သူမက နေရာတွင် ရပ်နေရင်း လတ်တလောမှ အဖျားနှင့် အိပ်ရေးပျက်မှုကြောင့် ခေါင်းမှာ မူးနောက်နေတော့သည်။ သူမက ဖြေဆေးနှင့် ပတ်သက်သော အဖြစ်အပျက်များနှင့် သူ၏ စကားများအား ဂရုတစိုက် စဥ်းစားပြီးနောက် ခေါင်းကိုက်လာတော့သည်။

စတင်ချိန်တွင် သူမက ဆေးမိစ္ဆာတောင်ကြား၌ မြွေနဂါးသစ်သီး၏ အရွယ်အစားနှင့် ဖြစ်နိုင်ချေရှိသော အဆိပ်ဖြေဆေးပမာဏအား တွက်ချက်ခဲ့သည်။ Gu Qishao မှာ ပြင်းထန်သောဆေးမှုန့်များအား သန့်စင်သော ဖြေဆေးဖြင့် ရောစပ်ကာ ကြွေပုလင်းများအတွင်း တုံ့ပြန်မှုဖြစ်စေကာ အနက်ရောင်ပြောင်းသွား စေခဲ့သည်။ ရလဒ်များမှာ သူက Long Feiye အား အဆိပ်ဖြေဆေး တစ်ပုလင်း အပြည့်ပေးခဲ့ကြောင်း သက်သေပြနေသည်။ ထိုစဥ် သူမက အများကြီး မတွေးခဲ့ပဲ သူက မူလတည်းက Long Feiye အား အနက်ရောင် ပုလင်းပေးခဲ့သည်ဟု ယူဆခဲ့သည်။ထို့ကြောင့်ပင် သူမက Gu Qishao ၏ သက်သေအား ငြင်းပယ်ခဲ့သည်။

အကယ်၍ Gu Qishao မှာ သူမအား အဆိပ်ဖြေဆေးအတု ပေးလိုလျှင် မည်သည့်အတွက်ကြောင့် ဓါတ်ပြုနိုင်သော ပမာဏတစ်ခုနှင့် တူညီတဲ့ အရောအနှောအား စိတ်ရှုပ်ခံကာ ရွေးရမည်နည်း။ သူ့ကိုယ်သူ ပြန်ထိနိုင်တဲ့ ဟာကွက်ကို  ဘာလို့ချန်ထားမှာလဲ။ သူမက ထိုကိစ္စအား ယခင်က စဉ်းစားခဲ့ဖူးသော်လည်း အပေါ်ယံသာ စဥ်းစားခဲ့သည်။ ထိုအမျိုးသားမှာ သူတို့အား စာရင်းမပြနိုင်သော အဆိပ်ဖြေဆေး တစ်စိတ်တစ်ပိုင်းအား လိမ်လည်ရန် ကြိုးပမ်းနေခြင်းဟု သူမက ယူဆခဲ့သည်။ သူမ၏ ပမာဏ ငြင်းခုံမှုအား အလွန် ခေါင်းမာနေခဲ့ခြင်းမှာ သူမတွင် သက်သေရှိ၍မဟုတ်ပဲ Gu Qi sha အား ငြင်းဆန်လိုသောကြောင့် ဖြစ်သည်။ သူမက ဆေးမိစ္ဆာတောင်ကြားသို့ မရောက်ခင်ကပင် သူက အပြစ်ရှိနေသည်ဟု ယုံကြည်နေခဲ့သောကြောင့် ဖြစ်သည်။ သူတို့အား အရင်ဆုံး အဆိပ်ဖြေဆေးဖြင့် လိမ်လည်ခဲ့သော အမျိုးသားနှင့် ယှဉ်၍ သူမခင်ပွန်းအား သံသယဖြစ်ရန် နည်းလမ်းမရှိပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now