အခန်း(၅၂၂)

1K 97 16
                                        

အခန်း(၅၂၂) 

သူမကို ဘယ်တော့မှ မသိစေနဲ့။





ဆေးနတ်ဆိုးဆေးပေးခန်း၏ ဧည့်ခန်းမဆောင်မှာ အလွန်အမင်း တိတ်ဆိတ်နေသည်။ အဆုံးတွင် Long Feiye မှာ ပထမဆုံး စကားစလာလေသည်။
“Gu Beiyue.. မင်း ဘယ်လိုထင်လဲ။”

Gu Beiyue  မှာ မတ်တပ်ရပ်လိုက်သည်။ “အရှင့်သားချင်ဝမ်… လေးစားရတဲ့ဝမ်ဖေး.. ဒီလူက ရောဂါကုသတာနဲ့ လူနာ ကြည့်ရှုတာပဲ ကျွမ်းကျင်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့… ဒီလူက တကယ်ပဲ မပြောတတ်ပါဘူး။ ဒီလူက ဆေးပေးခန်းမှာ စစ်ဆေးပေးစရာ ဆေးညွှန်းတစ်ချို့ ရှိသေးတာမလို့ အခုပဲ သွားပါတော့မယ်။”

သူက စကားဆုံးသည်နှင့် အခန်းထဲမှ ထွက်သွားလေသည်။ သဘာဝကျစွာပင် သူကဲ့သို့ သမားတော်တစ်ယောက်မှာ ထိုကိစ္စများအား များစွာ နားမလည်လျှင် မည်သည့်အတွက်ကြောင့် နေရာမှ စောစီးစွာ ထွက်မသွားသနည်း။ Long Feiye  မှာ သူ၏ မေးခွန်းအား ရည်ရွယ်ချက်ရှိစွာ ရှောင်တိမ်းသွားသော ထိုအမျိုးသားအား မေးခွန်းထုတ်ခြင်းအတွက် အကြောင်းအရင်း ရှိနေသည်။ Long Feiye  ၏ နှလုံးသားမှာ Gu Beiyue  နှင့် ပတ်သက်၍ သတိထားမှုများနှင့် ကြိုတင် ပြင်ဆင်မှုများ ရှိနေသည်။ Han Yunxi  မှာ ကိစ္စများအား မစဥ်းစားနိုင်ပဲ Mu Linger  ၏ ကိစ္စဖြင့် အလွန် အာရုံများနေသည်။  သူမက တုံ့ဆိုင်းနေပြီးနောက် မေးမြန်းလိုက်သည်။ “မိစ္ဆာကြီး… အခုဆို Mu Linger  က တောင်ဘက်နင်စီရင်စု အပြင်ရောက်နေလောက်ပြီမလား။ ရှင်က ဘာလို့ သူမကို ဆေးဝါးမြို့တော် လိုက်မပို့တာလဲ။"

Mu Linger  ၏ သုံးလတစ်ကြိမ် လာရောက်ခွင့်မှာ သူမက ဘိုးဘေးကောင်စီ၏ လက်ထဲတွင် သေဆုံးနိုင်မည် မဟုတ်ကြောင်း သေချာစေသည်။  ထို့အပြင် မူမျိုးနွယ်ဝင်များမှာ သူမအား ကာကွယ်ရန် အနားတွင် ရှိနေသင့်သည်။ သို့သော်  ရှဲ့မျိုးနွယ်မှ လူများမှာ သူမအား ဆေးဝါးမြို့တော်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ခေါင်းဆောင်အကြီးအမှူးရှဲ့၏ အပြုအမူဖြင့် သူက သူမအား ညှင်းပန်းနိုင်ချေ မြင့်မားနေသည်။ မူမျိုးနွယ်မှာ နှစ်ပေါင်းများစွာ တင်စီးနေခဲ့ပြီး ရှဲ့မျိုးနွယ်အပြင် အခြားမျိုးနွယ်များစွာမှလည်း သူတို့အား နာကျည်းနေသည်။ ခေါင်းဆောင်အကြီးအမှူးရှဲ့က ဒီအခွင့်အရေးကို ယူပြီး ဘာလို့ အာဃာတကို မဖြေဖျောက်ပဲ နေမှာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now