အခန်း(၅၄၄)

908 99 10
                                        

အခန်း(၅၄၄)

အစတည်းက ရှိနေတယ်။






Han Yunxi မှာ သတိလစ်သွားသော်လည်း သူမ၏ အာရုံများမှာ Long Feiye ၏ ထိတ်လန့်နေသောအသံနှင့် သူမက လဲကျသွားသည်အား ထိန်းလိုက်သည်အား ခံစားမိနေသည်။ သို့တိုင် သူမက သူ့အား အဖြေမပေးနိုင်ပေ။ သူမက ရေလှိုင်းများဖြင့် တိုက်ခိုက်ခြင်း ခံနေရသကဲ့သို့ ခံစားနေသော်လည်း မလွတ်မြောက်နိုင်ဖြစ်နေသည်။ သူမ၏ ပတ်လည်မှ မည်သည့်အရာမှ မရှိပဲ ရေများသာ ရှိနေသည်။ ၎င်းမှာ အဆိပ်ကန်မှ ရေများဖြစ်ကြောင်း သိနေသော်လည်း .. အဲ့တာက ဘာဖြစ်တာလဲ။

ရုတ်တရက် လှိုင်းလုံးကြီးတစ်ခုမှာ သူမ၏ အသိစိတ်အား ဝင်တိုက်လာကာ လုံးလုံးလျားလျား သတိလစ်သွားတော့သည်။ လပေါင်းများစွာစုပုံနေသည့်ပင်ပန်းမှုမှာ ရုတ်တရက် ပေါက်ကွဲလာကာ သူမအား နက်ရှိုင်းစွာ အိပ်မောကျသွားစေတော့သည်။ နောက်ဆုံး သူမက မျက်လုံးပွင့်လာချိန်တွင် ရေများမရှိတော့ပဲ အသိစိတ်မှာ အဆိပ်ဖြေစနစ်ထဲသို့ ရောက်နေသည်။ သူမ၏ အဆိပ်ရေကန်နှင့် များပြားစွာ ပေါက်နေသော အပင်များအား တွေ့လိုက်ရသည်။ သူမက လေထဲတွင် ထူးဆန်းသော ရနံ့အား ရလိုက်ပြီး ကောင်းမွန်စွာ ကြည့်နိုင်ရန် တိုးကပ်သွားလိုက်သည်။ ထိုအချိန်မှသာ ကန်အတွင်းရှိ အပင်များစွာမှာ ရင့်မှည့်လာကြောင်း သူမက သတိပြုမိသွားသည်။ အကယ်၍ သူမက ၎င်းတို့အား ယခုအချိန်တွင် ရိတ်သိမ်းခြင်းမပြုလုပ်လျှင် ပျက်စီးသွားလိမ့်မည်။

ဤအဆိပ်ကန်မှာ ပြင်ကမ္ဘာမှ အရာဖြစ်သည်။ သို့ဖြစ်၍ ၎င်းမှာ သူမ၏ အဆိပ်ဖြေစနစ်နှင့် အပြည့်အဝ ပေါင်းစပ်သွားနိုင်ခြင်း မရှိပေ။ အဆိပ်ဖြေစနစ်မှာ ၎င်း၏ အပင်များအား ခွဲခြမ်းစိတ်ဖြာကာ သက်ဆိုင်ရာ ဖြေဆေးအား ဖန်တီးနိုင်သော်လည်း အပင်များအား တိုက်ရိုက် ရိတ်သိမ်းခြင်း သို့မဟုတ် သိုလှောင်ခြင်း မပြုလုပ်နိုင်ပေ။ သူမက ပုံမှန်အတိုင်း လက်ဖြင့် လုပ်ဆောင်ရမည်။ သို့တိုင် Han Yunxi မှာ အလွန်အလုပ်များနေသဖြင့် အပင်များအား ကြည့်ရှုရန် လျစ်လျူရှုထားမိသည်။ သို့ဖြင့် အဆိပ်ဖြေစနစ်မှာ သူမအား အတွင်းမှ သတိလစ်သွားရန် ဖိအားပေးလာတော့သည်။ ၎င်းမှာ စနစ်မှ သူမအား ထိုကဲ့သို့ ဒေါသထွက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now