အခန်း(၅၃၃)
ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲမှ လှည့်စားမှု။
Wang Shuchen က အရှုံးကို ဝန်ခံလိုက်တယ်!!
Wang Gong ၏ နှလုံးသားမှာ တင်းကျပ်သွားပြီး နောက်မှ ချင်ဝမ်အား လှမ်းကြည့်လိုက်သည်။ သူနှင့် ချင်ဝမ်မှာ Wang Shuchen အား ပျိုးထောင်ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း ထိုကောင်လေးမှာ ကိုယ်တိုင် အရှုံးအား ဝန်ခံလိုက်သည်။ အကယ်၍ ကောင်လေးမှာ နောက်ဆုံးအထိ သည်းခံကာ ရှုံးနိမ့်သွားကြောင်း ကြေငြာခံရလျှင် မည်သို့မျှ မဖြစ်နိုင်သော်လည်း သူက အချိန်မတိုင်ခင် အမှန်တကယ် လက်လျော့လိုက်သည်။
အရှင့်သားချင်ဝမ်က အဲ့ဒီလိုလူမျိုးကို ဘယ်လိုလုပ် လိုချင်မှာလဲ။
Long Feiye မှာ Wang Shuchen အား အေးစက်စွာ ကြည့်နေကာ အတော်လေး မကျေမနပ်ခံစားနေရသည်။ ယခုအချိန်တွင် လူအုပ်မှာလည်း မယုံကြည်နိုင်ဖြစ်ကာ ဝေဝါးနေကြသည်။ လူငယ်လေး Xie Peng မှာ လူတိုင်းအား အံ့အားသင့်စေသော်လည်း Wang Shuchen ၏ အပြုအမူမှာ သူတို့အား စိတ်ပျက်စေသည်။ ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲအတွက် ရလဒ်ခန့်မှန်းချက်များထဲတွင် တစ်ခုမှ ဤသို့သော ရလဒ်အား မခန့်မှန်းထားမိကြချေ။
ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ မတ်တပ်ရပ်ကာ လူအုပ်အား တိတ်ဆိတ်စေလိုက်သည်။ ကိစ္စများမှာ မည်သို့ပင် မယုံကြည်နိုင်ဖွယ် ဖြစ်နေပါစေ အမှန်တရားမှာ မျက်စိရှေ့တွင် ရှိနေသည်။ ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ အလွန်အမင်း စိတ်အခြေအနေကောင်းမွန်နေကာ စင်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ “ဝမ်မျိုးနွယ်က ကိုယ်တိုင်အရှုံးကို ဝန်ခံလိုက်ပြီဆိုတော့ ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲရဲ့ အနိုင်ရသူက ရှဲ့မျိုးနွယ်က Xie Peng….”
“နေပါဦး…” Han Yunxi မှာ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
ဖြစ်နိုင်တာ.. ဖြစ်နိုင်တာ သူမ၏ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် လူတိုင်းမှာ သူမအား ကြည်လိုက်ကြသည်။
ဒီအမျိုးသမီးက ဘာလုပ်နေတာလဲ။
“ချင်ဝမ်ဖေး… မင်း .. ဘာအဓိပ္ပါယ်လဲ။” ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ အေးစက်စွာ မေးမြန်းလိုက်သည်။ အနိုင်ရသူက ဆုံးဖြတ်ပြီးနေပြီကို ဘာလို့ Han Yunxi လို အပြင်လူက စွက်ဖက်နေရတာလဲ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficção Histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
