အခန်း(၄၅၀)
အချက်အလက်တွေက အရမ်း။
Long Feiye မှာ အရိပ်မျိုးနွယ်ဆိုသည့် စကားမှာ ဆွံ့အအဘွားအား အဆုံးစွန်အထိ တွန်းပို့နိုင်မည်ဟု မထင်မှတ်ထားပေ။ သူမ၏ အမူအရာမှာ စိတ်လှုပ်ရှားခြင်း မဟုတ်သော်လည်း စိုးရိမ်မှု ဖြစ်နေသည်။ သို့တိုင် အရိပ်မျိုးနွယ်မှာ အနောက်ချင်တော်ဝင်မိသားစု၏ သစ္စာအရှိဆုံးသော လက်အောက်ခံ မဟုတ်လော။
“သူတို့က ဘာတွေ စီစဥ်နေတာလဲ။ သူတို့က Han Yunxi ရဲ့ ဇစ်မြစ်ကို အတည်ပြုပြီးသွားပြီလား။” ဆွံ့အအဘွားမှာ Long Feiye အား အလောတကြီး မေးလိုက်သည်။
“သူတို့ သိသွားရင် ဘာဖြစ်လာမှာလဲ။" Long Feiye မှာ ပြန်လည် မေးမြန်းလိုက်သည်။
သူ၏ မေးခွန်းကြောင့် ဆွံ့အအဘွားမှာ ဒေါသတကြီး ပြောလိုက်သည်။ “ဘယ်သူပဲဖြစ်ဖြစ် အရိပ်မျိုးနွယ်ဆိုရင်တောင် Han Yunxi ရဲ့ ဇစ်မြစ်ကို ကိုယ်ကျိုးအတွက် အသုံးချဖို့ မစဥ်းစားတာ ကောင်းလိမ့်မယ်။”
သူမက ဆိုလိုချင်သည်အား Long Feiye မှာ ချက်ချင်းပင် သဘောပေါက်လေသည်။ တစ်စုံတစ်ယောက်မှ Han Yunxi ၏ ဇစ်မြစ်အား ဆင်ခြေအဖြစ် အသုံးချရန် အကြောင်းအရင်းများစွာ ရှိနေသည်။ အကယ်၍ ထိုသတင်းမှာ လူသိရှင်ကြားဖြစ်လာလျှင် မြင့်မြတ်သောမိသားစု ခုနစ်စုသာ စိတ်ဝင်တစား ရှိလာကြမည် မဟုတ်ပေ။ အခြားသော ရည်ရွယ်ချက်ကြီးမားသည့် သူများမှလည်း Han Yunxi ၏ ဇစ်မြစ်နှင့် အနောက်ချင်အား အသုံးချကာ ကိုယ်ကျိုးအတွက် အာဏာရယူရန် အခွင့်အရေးအား ဖမ်းဆုတ်လာကြပေမည်။ ထိုသူအများစုမှာ အနောက်ချင်အား အနည်းငယ်ပင် သစ္စာရှိကြမည် မဟုတ်ပေ။ ရှေ့မင်းဆက်၏ ခမ်းနားမှုများအား ပြန်လည် အသက်သွင်းရန်လည်း စိတ်ဝင်စားမည် မဟုတ်ပေ။ ထိုအစား သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များအား ဖြည့်တင်းရန် ခြေနင်းအဖြစ်အသုံးချကာ အနောက်ချင်နန်းမွေခံအား ရုပ်သေးရုပ်အဖြစ် အုပ်စိုးကြမည့် သူများ ဖြစ်သည်။
ပွင့်လင်းစွာ ဆိုရလျှင် ထိုသူများမှာ နန်းမွေခံအား အာဏာအတွက် ခြေနင်းကျောက်တုံးအဖြစ်သာ အသုံးချပြီးနောက် သူတို့၏ လက်ထဲတွင် အာဏာမှာ တည်မြဲသွားသည်နှင့် နန်းမွေခံအား ဖယ်ရှားကြမည့်သူများ ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် Han Yunxi မှာ ငြိမ်းချမ်းသော ဘဝလေး ရရှိနိုင်တော့မည် မဟုတ်ပေ။
![](https://img.wattpad.com/cover/313293047-288-k148785.jpg)
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Fiksi Sejarah**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...