အခန်း(၄၅၃)

885 108 31
                                    

အခန်း(၄၅၃)

ရှင်က ကျွန်​မနဲ့ အကွာအဝေးကို နီးကပ်လာတာလား။






တံခါးမှာ ဖြည်းညင်းစွာ ပိတ်သွားကာ Baili Mingxiang မှာ သူတို့၏ ကမ္ဘာမှ သူမကိုယ်ပိုင်ကမ္ဘာသို့ ပြန်ရောက်လာသည်။ သူမ၏ နှလုံးသားတွင် မှေးမိန်သော အထီးကျန်သည့် အရိပ်အငွေ့များအား ခံစားလိုက်ရပြီး သူမက ကမ္ဘာမြေပြင်တွင် တစ်ဦးတည်း ကျန်ခဲ့သူ ကဲ့သို့ပင်။ ချင်ဝမ်၏ စကားများမှာ သူမ၏ နားတွင် ပဲ့တင်နေဆဲ ဖြစ်သည်။

နာမှာမလို့ ထိန်းချုပ်မထားနဲ့။ နာမှာမလို့ ငိုလိုက်။

အကူအညီမဲ့နေချိန်၊ နာကျင်ကာ ဒုက္ခရောက်နေချိန်တွင် အမျိုးသားများမှ နှစ်သိမ့်သော စကားများမှာ 'မငိုနဲ့ .. ကိုယ်က ဒီမှာ ရှိတယ်' ဟူ၍ပင်။

၎င်းမှာ အနည်းငယ်ပင် နှစ်သိမ့်ပေးရာ မရောက်ပေ။

ထို့နောက် ဤသို့သော စကားများ ပြောပေးသည့် အမျိုးသားများ ရှိနေသည်။ 'ငိုလိုက်.. ကိုယ်က ဒီမှာ ရှိနေပေးမယ်။'

၎င်းမှာ စစ်မှန်သော အားပေးမှုပင်။

ထိုက်တန်သော အမျိုးသားတစ်ယောက်မှာ တစ်စုံတစ်ယောက်အား ကာကွယ်ပေးရန် လုံလောက်စွာ စိတ်ရှည်၍ ညင်သာကာ နှလုံးသားအား ဖွင့်ထုတ်နိုင်ရန် ငိုကြွေးခွင့်ပေးသူ ဖြစ်သည်။ ထိုအရည်အချင်းမရှိသော အမျိုးသားများမှာ ငိုကြွေးခြင်းအား စိတ်ရှုပ်စရာဟုသာ သတ်မှတ်လိမ့်မည်။ ဒါပေမယ့်… ဒါပေမယ့် ငါက သူ့ရဲ့ စိတ်ရှုပ်တယ်ဆိုတဲ့ တစ်ဖက်ခြမ်းကိုတောင် မြင်ခွင့် မရှိတဲ့ သူမျိုးပဲ။ သူမ၏ အဆိပ်သင့်နေ့ရက်များနှင့် ပုံရိပ်ယောင် ပင်လယ်ကန်၌ ရှုံးနိမ့်ခဲ့မှုတွင် သူမက မငိုဝံ့ပဲ အပြုံးဖြင့်သာ ကျော်ဖြတ်ခဲ့ရသည်။

အဲ့တာက ငါ့ရဲ့ ကံတရားလား။

တံခါးအား ကျောပေးကာ ရပ်နေရင်း သူမက အထဲမှ လှုပ်ရှားမှု တစ်ချို့၏ အသံအား ကြားနေရဆဲ ဖြစ်သည်။ Baili Mingxiang မှာ အနည်းငယ် ထပ်နေချင်သေးသော်လည်း သူမက ထိုအတွေးအား ကြမ်းတမ်းစွာ ပယ်ဖျက်လိုက်ရင်း လမ်းလျှောက်လာသည်။ သူမ၏ နှလုံးသားအား ပြောင်းလဲရန် သူမကိုယ်သူမ ပြောဆိုခဲ့ပြီး ဖြစ်လေသည်။ မကြည့်ရဘူး။ နားမထောင်ရဘူး။ အဲ့တာက ငါ့ရဲ့ ခံစားချက်တွေကို လက်လျော့ဖို့ သင်ကြားပေးနိုင်မလား။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now