အခန်း(၅၆၅)

953 97 12
                                        

အခန်း(၅၆၅)

ဘယ်သူက နောက်ဆုံး အနိုင်ရသူလဲ။






Tang Li နှင့် Han Yunxi တို့မှာ Chu Tianyin မှ လက်လျော့ခြင်းမပြုမီ မေးခွန်းတစ်ခုမျှပင် မမေးခဲ့ကြပေ။ သို့သော် ယခုတိုင် သူတို့က လောင်းကြေးအား ဆွေးနွေးကာ သူ့အား လျစ်လျူရှုထားဆဲဖြစ်သည်။
 
ငါ့အရှုံးကို ဝန်ခံပြီးပြီ။ .. ငါ့ဆီက သူတို့ ဘာထပ်လိုချင်သေးတာလဲ။ Chu Tianyin မှာ ဘဝတွင် တုန်လှုပ်ချောက်ချားစရာများစွာအား ကြုံတွေ့ခဲ့ရသော်လည်း ဤကဲ့သို့ မဟုတ်ပေ။ Tang Li နှင့် Han Yunxi တို့မှ သူအား ဖိထားကာ ငြင်းခုန်နေချိန်တွင် Chu Tianyin မှာ မူးဝေကာ နာကျင်ကိုက်ခဲမှုနှင့် အကူအညီမဲ့သည့် ခံစားချက်များ တိုးလာခဲ့သည်။ ထိုသို့ ဆက်ဖြစ်နေလျှင် ခေါင်းငုံ့ရမည့် ပြသနာပင်မဟုတ်နိုင်တော့ကြောင်း သူသိနေသည်။ သူက မသန်မစွမ်းဖြစ်လာကာ လည်ပင်းအား ဘယ်တော့မှ ပြန်မဖြောင့်နိုင်တော့သည်အထိ ဖြစ်သွားနိုင်သည်။ ဦးခေါင်းငုံ့၍ တစ်သက်လုံး အသက်ရှင်ရမည် ဖြစ်စေ သေဆုံးသွား၍ ဖြစ်စေ ဖြစ်လာနိုင်သည်။ သူက လက် သို့မဟုတ် ခြေထောက်အား အဆုံးရှုံးခံနိုင်သော်လည်း လည်ပင်းမှာမူ…….

ဟန်ယွင်ရှီ... မင်းက အရမ်းရက်စက်လွန်းတယ်။

Chu Tianyin မှာ နောက်ဆုံးတွင် လက်လျော့လိုက်သည်။ "ငါသိတာတစ်ခုက ဒီမျိုးနွယ် က ထျန်းနင် နဲ့ အနောက်ကျိုး ကြား နယ်နိမိတ်မှာ သီးသန့်နေထိုင်ဖို့ ဆုတ်ခွာသွားတယ်ဆိုတာပဲ။ သူတို့က ကုန်သည်မိသားစုတွေမလို့ ဘယ်သူလဲဆိုတာ ငါတို့က စုံစမ်းနေတုန်းပဲ။” သူက အော်လိုက်သည်။

Tang Li နှင့် Han Yunxi မှာ သူ၏ စကားတွင်တော့ ငြိမ်သက်သွားတော့သည်။ 

အမှန်တွင် Chu Tianyin မှာ အရိပ်မျိုးနွယ် နှင့်ပတ်သက်သည့် အချက်အလက်အား အသိဆုံးဖြစ်သော်လည်း ဘယ်တော့မှ ရောင်းချမည်မဟုတ်ပေ။တစ်ချက်မှာ.. ယို့မျိုးနွယ်မှာ သူက ချူမျိုးနွယ်တွင် ပထမဇနီး၏ အကြီးဆုံးသားဖြစ်ခဲ့လျှင်ပင် သူ့အား ခွင့်လွှတ်မဟုတ်ပေ။ သူတို့ မျိုးနွယ်၏ တာဝန် နှင့်ရင်ဆိုင်ရချိန်တွင် ထိုကဲ့သို့ အရှက်ရခြင်း သို့မဟုတ် သေခြင်း မှာပင်  ထိုက်တန်သော စတေးခံခြင်းအဖြစ် ရှုမြင်ကြသည်။ နောက်တစ်ခုမှာ အရိပ်မျိုးနွယ်မှ သူ့အား ကယ်တင်ရန် မျှော်လင့်နေသည်။ မကြာသေးမှီတွင် သူက Long Feiye နှင့် ကျန်သူများနှင့် နီးကပ်လာရုံမှတပါး ဘာမှမလုပ်ခဲ့ပေ။ ယို့ နှင့် အရိပ်မျိုးနွယ် တို့၏ ဆက်ဆံရေးအပေါ် အခြေခံ၍ Chu Tianyin အား ဤနေရာတွင် သေခိုင်းရန် ထိုသူမှာ အကြောင်းမရှိပါ။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now