အခန်း(၄၄၄)

1.2K 129 10
                                        

အခန်း(၄၄၄)

ရှိလား။ မရှိဘူးလား။






Su Xiaoyu မှာ အမြဲတစေ ဆန့်ကျင်တတ်သောကြောင့် သူမ၏ အပြုအမူများမှာ Zhao မားမားအား သံသယ မဝင်စေချေ။  ထိုအစား အမျိုးသမီးကြီးမှာ ပြုံးရွှင်ကာ Baili Mingxiang အား လက်ဆွဲလိုက်သည်။ “Mingxiang မင်းလည်း ငါနဲ့ စားချေ။ အဆာမခံနဲ့။”

Baili Mingxiang မှာ အထိတ်တလန့်ဖြစ်နေတော့သည်။ လေးစားရတဲ့ဝမ်ဖေးမှာ အရေးကြီးသော ဖြေဆေးဒြပ်ပေါင်းတစ်ခု ဖန်တီးနေကာ တံခါးမှ အသံများအား မကြားနိုင်ချေ။ ထို့အပြင် Han Yunxi မှာ အလေးအနက် ဖြစ်နေလျှင် ကျန်သော လောကကြီးနှင့် အဆက်ပြတ်နေတတ်သည်။ Su Xiaoyu ကဲ့သို့ သံသယရှိသူအား စာကြည့်ခန်းထဲသို့ ဝင်ခွင့်ပေးခြင်းမှာ အကယ်၍ သူမက စားပွဲပေါ်ရှိ မီးသွေး နမူနာများအား မြင်သွားလျှင် ဆိုးရွားသွားလိမ့်မည်။

ကျောက်မားမားအား လျစ်လျူရှုကာ Baili Mingxiang မှာ ရုန်းထွက်ပြီးနောက် ထိုမိန်းကလေးနောက် လိုက်သွားကာ အော်လိုက်သည်။ “ Yu’er လေး လေးစားရတဲ့ဝမ်ဖေးကို မနှောင့်ယှက်နဲ့။ ဝမ်ဖေးမှာ လုပ်စရာတွေ ရှိနေတယ်။"

ဒီလို အော်လိုက်တာက လေးစားရတဲ့ဝမ်ဖေးကို သတိပေးဖို့ လုံလောက်တယ်မလား။ သို့တိုင် Baili Mingxiang မှာ Su Xiaoyu အား အလွန်အမင်း အထင်သေးခဲ့ကြောင်း လက်တွေ့မှာ သက်သေပြသွားတော့သည်။ မကြာခင် အခန်းတွင်း၌ ကွဲကြေသံများ ထွက်လာတော့သည်။ သေမတတ် ထိတ်လန့်သွားသည့် Baili Mingxiang မှာ ကျောက်မားမားနှင့်အတူ အခန်းထဲသို့ အပြေးအလွှားသွားလိုက်လျှင် ကြမ်းပြင်တွင် ကွဲနေသည့် ကြွေစများ ဖုံးလွှမ်းနေကာ Su Xiaoyu မှာ အရူးတစ်ယောက်ကဲ့သို့ Han Yunxi ၏ ကျောပြင်အား ရေအေးဖြင့် ပက်နေကြောင်း တွေ့လိုက်ရသည်။

“စွပ်ပြုတ်က မှောက်သွားတယ်.. အဟင့်..ဟင့်.. မြန်မြန် ရေအေး ခတ်ပေးကြပါ။ ဒီမှာက ရေမလောက်ဘူး။”

“အဟင့်… ကျွန်မက မရည်ရွယ်ပါဘူး..ဟင့်..” Su Xiaoyu မှာ ဆိုးသွမ်းလွန်းသူတစ်ယောက်ဖြစ်ကာ မျက်နှာတွင် မိကျောင်းမျက်ရည်များ ဖုံးလွှမ်းနေပြီး Han Yunxi အား ရေဖြန်းပေးနေသည်။ Han Yunxi မှာ ကျောပြင်ရှိ စူးရှသော နာကျင်မှုကြောင့် မျက်မှောင်ကျူတ်ထားလေသည်။ အရာအားလုံးမှာ သူမက တုံ့ပြန်နိုင်ရန်အတွက် အလွန် ရုတ်တရက်ဆန်စွာ ဖြစ်သွားခဲ့သည်။  သူမက အဆိပ်တွင် အလွန်အာရုံစိုက်နေပြီး Baili Mingxiang ၏ အော်သံမတိုင်ခင် မည်သည့်အရာမှ သတိမပြုမိခဲ့ပေ။ ထိုအချိန်မှ Su Xiaoyu မှာ ရောက်လာသည့်အချက်အား သတိပြုသွားကာ ထိုမိန်းကလေးမှာ လျင်မြန်စွာ ပေါ်လာမည်ဟု မထင်မှတ်ထားချေ။ သူမက သုတေသနဆက်လုပ်ရန် ပြင်လိုက်စဥ် ထိုမိန်းကလေးမှာ စွပ်ပြုတ်ပန်းကန်ဖြင့် ရုတ်တရက် လမ်းလျှောက်လာကာ သူမ​၏ ကျောပြင်အား ဝင်တိုက်လာတော့သည်။ ထို့နောက် နာကျင်မှုမှ လွဲ၍ မည်သည့်အရာမှ ရှိမနေတော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now