အခန်း(၅၃၅)

944 100 23
                                        

အခန်း(၅၃၅)

ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲမှ ဆေးဘုရင်။





ဆေးဘုရင်မှ မေးခွန်းထုတ်ပြီးနောက် လူအုပ်မှာ သတိပြုမိလာကြသည်။  ချင်ဝမ်ဖေးမှာ စင်မြင့်မှ အဝေးတွင် ထိုင်နေပြီး ဆေးပစ္စည်းစာရင်းအပြည့်အစုံအား မသိထားရပေ။ ရှဲ့မျိုးနွယ်မှ လှည့်စားထားခြင်းအား သူမက မည်သို့ သေချာနေသနည်း။

ဒါက ထူးဆန်းလွန်းတယ်မလား။

လူတိုင်းမှာ Han Yunxi  အား ကြည့်ကာ ရှင်းပြမည်အား စောင့်နေကြသော်လည်း သူမက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဆေးဘုရင် .. ကျွန်မက အစတည်းက အခန်းခြောက်ဆယ်အတွက် ဆေးညွှန်းကို ရင်းနှီးပြီးသားပါ။ ဝမ်မျိုးနွယ်ခေါင်းဆောင်က Xie Peng  အတွက် အဲ့ဒီပစ္စည်း၃၀ ရွေးပေးတော့ ဒီဂျူနီယာက စပြီး သံသယဝင်မိပါတယ်။ ပြီးတော့ စတုတ္ထသခင်လေးဝမ်က အရမ်းအလွယ်တကူ အရှုံးပေးလိုက်တယ်။ ဒီဂျူနီယာက ဆေးပစ္စည်းတွေမှာ တစ်ခုခုမှားနေတယ်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။”

“မင်းက ပစ္စည်း၃၀ကို မြင်ရရုံနဲ့ အခန်းခြောက်ဆယ်ဆိုတာကို ဆုံးဖြတ်နိုင်တယ်ပေါ့။” ဆေးဘုရင်မှာ ရှင်းလင်းစွာပင် သူမ၏ စကားအား ယုံကြည်ခြင်း မရှိချေ။

သို့သော် Han Yunxi  မှာ ပြောင်ပြောင်တင်းတင်းပင် ပြုံးလိုက်သည်။ “ဆေးဘုရင်.. ဒီဂျူနီယာက အကုန်လုံးတော့ မသေချာပါဘူး။ ကျွန်မက ၇၀ .. ၈၀ ရာခိုင်နှုန်းလောက်ပဲ သေချာတာပါ။ ဒါကြောင့် အလောင်းအစားလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ နောက်ဆုံးတော့ အဖြေအမှန်ကို လောင်းကြေးထပ်မိတာပဲလေ။"

သဘာဝကျစွာပင်  ၎င်းမှာ အခန်းခြောက်ဆယ်ဖြစ်ကြောင်း သိရရန်  အဆိပ်ဖြေစနစ်မှ  Han Yunxi  အား ကူညီခဲ့ခြင်းပင်။ ၎င်း၏ ဆေးပစ္စည်းများနှင့် အချိုးအဆအား ခွဲခြားနိုင်ခြင်းမှာ မည်သည့် ဆေးဝါးကျွမ်းကျင်သူအား မဆို အသာစီးယူနိုင်သည်။ အသေအချာပင် စနစ်ထဲ၌ အခန်းခြောက်ဆယ်၏ မှတ်တမ်းရှိနေခြင်းမှာလည်း အကူအညီတစ်ခုပင်။ အခန်းခြောက်ဆယ်မှာ ကျော်ကြားသော ဆေးညွှန်းတစ်ခုဖြစ်သည်။ အကယ်၍ ၎င်းမှာ လူသိနည်းနေလျှင် ပိုင်ရှင်မှ သီးခြားသိမ်းဆည်းထားခြင်း ဖြစ်ရမည်။ ထို့သို့ဆိုလျှင် အဆိပ်ဖြေစနစ်မှာလည်း ဆုံးရှုံးသွားနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now