အခန်း(၅၄၁)

550 66 4
                                    

အခန်း(၅၄၁)

ဘယ်သူက အဆိုးရွားဆုံး အဆုံးသတ်သွားလဲ။






Han Yunxi  နှင့်ကျန်သူများအား ရင်ဆိုင်ရသည်မှာ သခင်မ Lianxin  အတွက် မြစ်ကမ်းပါးအား ကျောပေးထားရသကဲ့သို့ပင်။ သူမ၏ နောက်ဆုံး ကြိုးပမ်းမှု ဖြစ်သည်။ သူမ၏ အပြုအမူမှာ ခေါင်းမာကာ အလျော့မပေးသော်လည်း အနည်းငယ် စကားပြောပြီးနောက် ခြေချလာသည်။ ထိုစဥ် ကြားနာမှုအတွက် အချိန်မှာ နီးကပ်လာသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်.... မင်းက မူမျိုးနွယ်ကို အဆိပ်တစ်ရာဂိုဏ်းနဲ့ ပတ်သက်တယ်ဆိုတဲ့ ရာဇဝတ်မှုကို ရှင်းပေးရမယ်။” ၎င်းမှာ သခင်မ Lianxin  မှာ နောက်ဆုံးဖက်တွယ်ထားသော အချက်ဖြစ်သည်။ အကယ်၍ ဤပြစ်မှုအား မရှင်းလင်းနိုင်လျှင် သူမကလည်း ဆေးမြို့တော်၌ ဒုက္ခများလာနိုင်သည်။ ဆေးပညာသင်တန်းကျောင်းမှာ အဆိပ်ဂိုဏ်းများမှ မည်သူနှင့်မဆို နက်ရှိုင်းစွာ အာဃာတ ရှိနေသည်။ ထို့အပြင် Jun Yixie မှာ ကုအဆိပ် အသုံးပြုပုံအားပင် သိထားသူဖြစ်သည်။ ဆေးမြို့တော်မှာ သူ့အား အချိန်ကြာမြင့်စွာ စုံစမ်းနေခဲ့သည်။ အကယ်၍ အဆိပ်ပညာမှာ ဆေးမြို့တော်တွင် တားမြစ်ချက်ဆိုလျှင် အဆိပ်ကုမှာ တားမြစ်ချက်များထဲမှ တားမြစ်ချက်ဖြစ်သည်။

“သခင်မ Lianxin  နည်းနည်းလောက် ဆီလျော်အောင် ပြောလို့မရဘူးလား။  Jun Yixie ကိုယ်တိုင်က အဆိပ်တစ်ရာဂိုဏ်းနဲ့ Mu Yingdong  က ပူးပေါင်းထားပါတယ်လို့ ဝန်ခံသွားတာ.. ကျွန်မက သူအပြစ်ကင်းတာကို ဘယ်လို သက်သေပြပေးရမှာလဲ။ ဘာလို့ ကျွန်မကို မသင်ပေးတာလဲ။" Han Yunxi  မှာ သုန်မှုန်ကာ ပြောလိုက်သည်။

“ရှဲ့မျိုးနွယ်ကို အပြစ်ပုံချလိုက်။ Jun Yixie  က သူတို့နဲ့ပူးပေါင်းပြီး မူမျိုးနွယ်ကို တမင် နာမည်ဖျက်တာပဲ။ Mu Yingdong  က ကိစ္စအကုန်လုံးကို သမီးအတွက်ကြောင့် လုပ်ခဲ့တာပဲ။” သခင်မ Lianxin  မှာ အေးစက်စွာ တုံ့ပြန်လိုက်သည်။ “ပြီးတော့ သန်အဆိပ်သက်သေကို ထောက်ပြတာ ရှဲ့မျိုးနွယ်ပဲ။"

Han Yunxi  မှာ သူမက ဘာလုပ်ရမည်မှန်း ရှင်းလင်းနေသော်လည်း တွေဝေဟန်ဆောင်ပြီး တုံ့ပြန်လိုက်သည်။ “ကောင်းပြီ.. မူမျိုးနွယ်ရဲ့ အပြစ်ကို ရှင့်အတွက် ကျွန်မက ဆေးကြောပေးမယ်။ ဒါပေမယ့် ဘိုးဘေးကောင်စီက လူထုကြားနာပွဲလုပ်မှာ။ တကယ်လို့ မူမျိုးနွယ်က အပြစ်ကင်းစင်မှုကို ပြန်လိုချင်ရင် စိတ်ရင်းကောင်းတော့ ပြရမယ်။ မဟုတ်ရင် ဘယ်သူက ယုံမှာလဲ။” Han Yunxi  မှာ အလေးပေးကာ ထပ်မံပြောလိုက်သည်။ “ဆေးမြို့တော် ဘိုးဘေးကောင်စီကလည်း ဒီကိစ္စကို အရမ်းစိတ်ဝင်စားနေမယ်လို့ ကျွန်မထင်တယ်။ ရှင်က ဆေးဝါးမြို့တော်ကို အရူးလုပ်ဖို့ လွယ်တယ်လို့ စဥ်းစားနေရင်တောင် ဆေးမြို့တော်ဘိုးဘေးကောင်စီကို တစ်ပုံစံတည်း တွေးထားလို့ မရဘူးမလား။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now