အခန်း(၄၄၆)
မြင့်မြတ်သောမိသားစုခုနစ်စုမှ ယို့မျိုးနွယ်( Nether Clan)
တီးတိုးပြောဆိုမှုများအလယ်တွင် တိတ်ဆိတ်စေလိုက်သည်။ သို့တိုင် တစ်စုံတစ်ယောက်မှာ မထိန်းချုပ်နိုင်ပဲ မေးလာသည်။ “လေးစားရတဲ့ဝမ်ဖေး အဲ့ဒီသူလျှိုက ဘယ်သူလဲ။"
Han Yunxi ၏ ယခင်က အေးစက်နေသည့် အသံမှာ ရေခဲတမျှ အေးစက်လာပြီးနောက် အမိန့်ပေးလိုက်သည်။ “ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ သိုလှောင်ရုံကို ဝင်တဲ့ လူနည်းနည်းပဲရှိတယ်။ တစ်ယောက်ယောက် လာ သူတို့ကို ခေါ်ခဲ့။"
အိမ်တော် အစောင့်မှာ အစေခံခြောက်ယောက်အား ခေါ်လာပြီး ထိုထဲတွင် သိုလှောင်ရုံ အလုပ်သမားသုံးယောက်၊ လက်တိုလက်တောင်းကောင်လေးနှစ်ယောက်နှင့် …….. ဘဏ္ဍာထိန်းLuo တို့ဖြစ်ကြသည်။ သူ့အား သံသယထဲတွင် မြင်ရသောကြောင့် လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ သို့သော် ဘဏ္ဍာထိန်း၏ အမူအရာမှာ တည်ငြိမ်ကာ မြံမြဲစွာ ရပ်နေသည်။
“မှတ်တမ်းတွေအရဆိုရင် ပြီးခဲ့တဲ့ ရက်တွေမှာ သိုလှောင်ရုံထဲဝင်တဲ့သူ ခြောက်ယောက်ပဲ ရှိတယ်။"
Han Yunxi မှာ မဏ္ဍပ်တွင်းမှ ထလာကာ အစေခံခြောက်ယောက်အား ခက်ထန်အေးစက်စွာ ကြည့်လိုက်သည်။ “ဝမ်ရယ်နဲ့ ဒီဝမ်ဖေးက ဘယ်လိုသစ္စာဖောက်ကိုမှ ဒီမှာ လက်မခံနိုင်ဘူး၊။ အုတ်ကြွပ်မိုးကို ဖျက်ဆီးခဲ့တာ ဘယ်သူလဲ။ ဝန်ခံ ဒါမှမဟုတ်ရင်….” သူမက စကားမဆုံးခင် သံများ ပြည့်နေသည့် ပျဥ်ပြားအား ထုတ်ယူလာသည့် Xu Donglin အား ကြည့်လိုက်သည်။
ပျဥ်ပြားမှာ ခွေးခြေအရွယ်အစားသာ ရှိသော်လည်း ၎င်းမှာ ဆိုးရွားကာ တောက်ပသော အပ်များဖြင့် ပြည့်နေသည်။ ထိုသံများဖြင့် ပျဥ်ပြားမှာ အလွန်ဆိုးရွားသော အပြစ်ပေးကိရိယာဖြစ်ကြောင်း အစေခံများအားလုံးမှာ သိနေသည်။ အဲ့ဒီပေါ်မှာ ထိုင်မိတဲ့ ဘယ်သူမဆို သံနဲ့ဖောက်ခံရပြီး မခံမရပ်နိုင်အောင် နာကျင်ရလိမ့်မယ်။ ၎င်းမှာ အသက်မသေနိုင်သော်လည်း ရက်များစွာ ဝေဒနာခံစားရပြီးနောက် သွေးဆုံးရှုံးကာ သေနိုင်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficción histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...