အခန်း(၄၆၄)

1.2K 122 17
                                        

အခန်း(၄၆၄)

ပမာဏအတွက် ပြိုင်ဆိုင်ခြင်း။






Gu Qi Sha မှ  Han Yunxi  ၏ စွမ်းရည်အား သိထားသည်မှာ သူမက ၎င်းအား ပြောင်းဆန်စေ့အဆိပ်အတွက်ဖြေဆေးသာမက အခြားအရာများ ရောနေကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်လိမ့်မည်။ သူမက ၎င်းအား သိနိုင်ရန် ဓါတ်ကူ ပစ္စည်း မလိုအပ်ပေ။ သို့တိုင် ဖြေဆေးအား ဆေးမှုန့်အတုများဖြင့် အလွယ်တကူ ခွဲခြားလိုက်သော သူမ၏ စွမ်းရည်အား တိတ်ဆိတ်စွာ သဘောကျမိဆဲဖြစ်သည်။ သူကပင် မယှဥ်နိုင်လောက်ချေ။

သူက Han Yunxi ထံမှ ဖြေဆေးပုလင်းအား ယူကာ လက်ဖြင့် အလေးချိန် တိုင်းလိုက်သည်။ သူ၏ တွက်ချက်မှုအရ  Long Feiye မှာ နှစ်ပုံ သုံးစွဲထားလေသည်။

“ Han Yunxi..  ပုလင်းထဲမှာ မင်းရဲ့ကိုယ်ပိုင် ဆေးမှုန့်အတုတွေ ဖြည့်ထားပြီး တစ်ဖက်လူကို လှည့်စားတာ ချင်ဝမ်ဖေးရဲ့ ပုံစံနဲ့ မတူဘူး။” Gu Qi Sha  မှာ မထိမဲ့မြင်ဖြင့် ပြုံးလိုက်သည်။ သူ၏ စကားများမှာ ရှင်းလင်းစွာပင် Han Yunxi မှ လုပ်ကြံပြောဆိုနေခြင်းဟု ညွှန်ပြနေသည်။

သူမက ၎င်းအား မျှော်လင့်ထားပြီး ဖြစ်ကာ ပြင်ဆင်မှုများ ပြုလုပ်လာသည်။ ဖြည်းညင်းစွာဖြင့် ထိုင်ခုံတွင် ထိုင်ရင်း သူမက ပြောလိုက်သည်။ “ Gu Qi Sha  ဝမ်ရယ်က ရှင့်ကို ပေးတဲ့ မြွေနဂါးသစ်သီးက သုံးလျန်နဲ့ နှစ်ချီယန် (nearly  160g) ရှိရမယ်။ ဟုတ်တယ်မလား။”

“အဲ့တော့ ဘာဖြစ်လဲ။"  Gu Qi Sha မှာ ထိုအချက်အလက်နှင့် ပတ်သက်၍ လုပ်ကြံနေခြင်း မရှိပေ။

“ရှင်က သေချာလို့လား။"  Han Yunxi မှာ တိကျသော အဖြေအား လိုချင်နေသည်။

“သေချာတယ်။" Gu Qi Sha မှာ ပွင့်လင်းစွာ ဝန်ခံလိုက်သည်။

“အရမ်းကောင်းတယ်။ ဒါဆို ပြောင်းဆန်စေ့အဆိပ်ဖြေဆေးရဲ့ အညွှန်းအရ သုံးလျန်နဲ့ နှစ်ချီယန်မြွေနဂါးသစ်သီးက အကုန်သုံးလိုက်ရင် ဖြေဆေး တစ်ပုလင်းနဲ့ တစ်ဝက်ရနိုင်တယ်။ ရှင်က မြွေနဂါးသစ်သီး တစ်လုံးလုံးသုံးခဲ့ရဲ့လား ဆိုတာ မေးပါရစေ။" Han Yunxi မှာ အလေးအနက် ဖြစ်လာသည်။

Gu Qi Sha ၏ မျက်လုံးများမှာ သဘောကျမှုများ တောက်ပသွားတော့သည်။ Han Yunxi မှာ ပမာဏအား ထိုသို့ တွက်ချက်လာမည်ဟု မထင်မှတ်ထားပေ။ အသေအချာပင် ၎င်းမှာ သူ့အား ကြောက်ရွံ့စေခြင်း မရှိချေ။ သူက ချောင်ပိတ်လိုသည်မှာ Long Feiye ဖြစ်သဖြင့် အဆုံးမသတ်နိုင်သော ပြသနများ ပေးနိုင်ရန်ကြိုးအား တင်းကျပ်စွာကိုင်ထားရမည်။ သူက Long Feiye အား လှမ်းကြည့်လိုက်လျှင် ထိုအမျိုးသားမှာ ပြဇာတ် ကြည့်နေသကဲ့သို့ သက်တောင့်သက်သာဖြင့် လက်ဖက်ရည်သောက်နေသည်အား တွေ့လိုက်ရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now