အခန်း(၅၄၆)

975 93 0
                                        

အခန်း(၅၄၆)

ရာထူးရုတ်သိမ်းခံရခြင်း။





သူမ၏ မွေးဖွားမှုလျှို့ဝှက်ချက်နှင့် အဆိပ်ဂိုဏ်းမှပတ်သက်နေသဖြင့် Han Yunxi မှာ ရွေးချယ်စရာမရှိပဲ ထိန်းသိမ်းထားရလေသည်။ Mu Linger မှာ ထိုစကားများကြောင့် နှလုံးသားတွင် နွေးထွေးသွားသော်လည်း မျက်နှာမှာမူ တောင့်တင်းနေဆဲပင်။ သူမက မထိမဲ့မြင်ဖြင့် တုံ့ပြန်လိုက်သည်။ “ဒီမိန်းကလေးမှာ အစ်​မတွေ အများကြီးရှိတာမလို့ နင့်ကို ထပ်မလိုတော့ဘူး။"

သို့တိုင် သူမက စိတ်ထဲတွင် ကိုယ့်ကိုကိုယ် ထေ့ငေါ့လိုက်မိသည်။ အမှန်ပင်။ သူမတွင် အစ်မများစွာရှိနေသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ သူမအား ညီမတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်း မရှိကြချေ။

Han  Yunxi မှာ  Mu Linger မှ ငြင်းပယ်မည်အား မျှော်လင့်ပြီးဖြစ်ကာ ရိုးရှင်းစွာဖြင့် လက်လျော့လိုက်သည်။ သို့တိုင် Su Xiaoyu မှာ သည်းမခံနိုင်ပဲ ဒေါသတကြီး ပြောလာလေသည်။ “ရှင်က အကောင်းအဆိုးကို မပြောနိုင်ဘူး။ ကိုယ့်ကိုကိုယ် ဘယ်သူလို့ထင်နေလဲ။”

Mu Linger မှာ Su Xiaoyu အား လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။ “အစေခံစုတ်လေး… နင်က ဝင်ပြောစရာမလိုဘူး။”

Su Xiaoyu မှာ ဒေါသထွက်လာကာ ပြန်မပက်နိုင်စဥ် Mu Linger မှာ ဖြတ်ပြောလိုက်သည်။ “နင်က ကောင်တာမှာ ညတိုင်း ဆေးခိုးစပ်နေတာ ငါ မသိဘူး မထင်နဲ့။ ဆေးနတ်ဆိုးဆေးပေးခန်းမှာ စည်းကမ်းဆိုတာရှိတယ်။ နင်က သင်ယူချင်တာ ကောင်းပေမယ့် နင်သုံးတဲ့ပစ္စည်းတွေအတွက် တန်ဖိုးပြန်ပေးရမယ်။ နင်ထိပြီးသားကို ဗီရိုထဲပြန်ထည့်မယ့်အစား ဖယ်လိုက်။ ငါတို့က ဒီမှာ ပစ္စည်းကောင်းတွေပဲ ရောင်းတာ.. ဒုတိယတန်းစား မဟုတ်ဘူး။”

အသေးလေးအပြင် Su Xiaoyu မှာ ညဘက်တွင် ဆေးစပ်ခြင်းအား လေ့ကျင့်နေကြောင်း မည်သူမှ မသိချေ။ ယခုအချိန်တွင် သူမက ဖော်ထုတ်ခံလိုက်ရကာ အရှက်ခွဲခံရသကဲ့သို့ ခံစားလိုက်ရသည်။ ချက်ချင်းပင် Su Xiaoyu ၏ မျက်နှာမှာ နီမြန်းလာကာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတော့သည်။ “ရှင်…ရှင်.."

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now