အခန်း(၅၃၇)

943 90 12
                                        

အခန်း(၅၃၇)

အရှင့်သားချင်ဝမ်က ယဥ်ပါးအောင် ပြုလုပ်ခံထားရတယ်။




Han Yunxi မှာ  Long Feiye  အား သတိလက်လွှတ်ဖြင့် ကြည့်လိုက်လျှင် သူမ၏ နှုတ်ခမ်းများမှာ ရောင်ရမ်းနေကြောင်း Wang Gong  မှ တွေ့လိုက်ရသည်။ ၎င်းမှာ အလွန် ပြင်းထန်နေခြင်းမရှိသော်လည်း အရေပြားမှာ ပုံမှန်ထက် နီမြန်းနေကာ သိသာသော မြင်ကွင်းဖြစ်နေသည်။

“လေးစားရတဲ့ဝမ်ဖေး… နှုတ်ခမ်းက ဘာဖြစ်တာပါလဲ။” Wang Gong မှာ အလျင်စလို မေးမြန်းလိုက်သည်။

Han Yunxi  မှာ ချက်ချင်းပင် နှုတ်ခမ်းသားများအား ချောမွေ့စေကာ မြေတွင်းတူးကာသာ ပျောက်ကွယ်သွားချင်နေသည်။ သူမက ဘာဖြစ်ခဲ့တာလဲ။  Long Feiye က အပြစ်ပေးတာဆိုပြီး သူမကို ပြင်းပြင်းပြပြ နမ်းခဲ့တယ်လေ!!!! သူမက အခြေအနေအား ရှင်းပြရန် အနေခက်လှနေသော်လည်း Wang Gong  မှာ စိုးရိမ်နေကာ အနည်းငယ်ပင် မဆက်စပ်မိပေ။

“လေးစားရတဲ့ဝမ်ဖေး.. နှုတ်ခမ်းက ညစ်ပတ်တဲ့တစ်ခုခုနဲ့များ ထိမိတာလား။ နှုတ်ခမ်းကို ဘာကူးစက်မိတာလဲ။”

Han Yunxi  မှာ သဘာဝကျစွာပင် သူ၏ မေးခွန်းအား သည်းခံကာ တိတ်ဆိတ်နေသဖြင့် သူမ၏ နှုတ်ခမ်းမှာ စကားပြောရန် မသက်မသာဖြစ်နေကြောင်း Wang Gong  မှ ယူဆလိုက်သည်။ ထို့နောက် သူက မေးမြန်းလိုက်သည်။ “အဆိပ်မှက်ကိုက်တာများ ဖြစ်နေမလား။"

ဘယ်လောက် စိတ်ဖိစီးစရာ ကောင်းလိုက်လဲ!! သူမက ပါရမီရှင်လို့ ခေါ်ရလောက်တဲ့ အဆိပ်သမားတော်ပဲ။ ဘယ်လိုလုပ် အဆိပ်မှက်က သူမကို သက်ရောက်မှု ရှိမှာလဲ။ နောက်ဆုံးတွင် သူ၏ ခန့်မှန်းချက်မှာ အဓိပ္ပါယ်မဲ့လွန်းကြောင်း  Wang Gong မှာ သတိပြုမိသွားပြီး ကြိုးစားလိုက်ပြန်သည်။ “ဒါမှမဟုတ် ပိုးမွှားတစ်မျိုးမျိုးများ….”

ကိစ္စများက ရှက်ရွံ့ဖွယ်ကောင်းလာချိန်တွင် တိတ်ဆိတ်နေခြင်းမှာ တစ်ခုတည်းသော အဖြေဖြစ်သဖြင့် Han Yunxi  မှာ ဆက်လက်၍ တိတ်နေလိုက်သည်။ သို့တိုင် Long Feiye  မှာ ပြောင်ပြောင်တင်းတင်း ပုပ်သိုးနေသူပင်။ သူက ရှင်းလင်းစွာပင် မည်သို့ ဖြစ်ထားမှန်း သိနေလျက် -- ထိုသို့ဖြစ်စေသော အပြစ်ရှိသူဖြစ်လျက် Han Yunxi  အား လွတ်မြောက်ရန် ကူညီမည့်အစား တစ်ခွန်းတစ်လေပင် မပြောပေးချေ။ သူက သူမ၏ နူးညံ့ကာ နီမြန်းနေသော နှုတ်ခမ်းများအား ကြည့်ရင်း သိသိသာသာပင် သဘောကျနေလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now