အခန်း(၅၇၅)

914 83 14
                                        

အခန်း(၅၇၅)

အမေကတောင် မနာလို ဖြစ်နေတယ်။






“မလုပ်ရဘူး။"

ဒေါသတကြီးဖြင့် ခက်ထန်သော အသံတစ်သံမှာ ဧကရာဇ် Kang Cheng ၏ ဆူပူကြိမ်းမောင်းနေမှုများအား  ရပ်တန့်သွားစေသည်။ အနောက်ကျိုး ၏ဧကရီ Xue မှလွဲ၍ ဧကရာဇ်၏ ရှေ့တွင် ထိုမျှ ရဲတင်းစွာ အခြားမည်သူက ပြုမူဝံ့မည်နည်း။ သူမက ခင်ပွန်းဖြစ်သူ၏ မျက်နှာသာပေးခံရရုံသာမက သူမအား တောင့်တင်းသော မျိုးနွယ်မှ ပံ့ပိုးပေးထားသည်။သူမက ယှဉ်ပြိုင်ရန် ပြိုင်ဘက်မရှိပဲ မောင်းမဆောင်အား အုပ်စိုးနိုင်ဆဲဖြစ်သည်။ အစောပိုင်းနှစ်များတွင် အိမ်ရှေ့စံ Ye ၏ ရုံးတော်မှ အတိုက်အခံများအား ဖယ်ရှားရာတွင် သူမက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။ 

ဧကရာဇ် Kang Cheng မှာ သူမ၏ မျက်နှာအား မမြင်ရမီတွင်ပင် ဒေါသထွက်နေသည်။ "ဧကရီ၊ မင်းရဲ့ ကာဆီးကာဆီးနဲ့ အလိုလိုက်တာက အိမ်ရှေ့စံကို ဒီနေ့ပုံစံအထိ ဖြစ်အောင် လုပ်လိုက်တာပဲ။”

"ဟင်းဟင်း ဘယ်လိုပဲဖြစ်ဖြစ်.. Yao Yao က တော်ဝင်မိသားစုက နှင်ထုတ်ခံရတာကလည်း ကျွန်မက အလိုလိုက်တာကြောင့်ပဲမလား။ ကျွန်မမှာ တာဝန်ခံရမယ့် ရာဇ၀တ်မှုတွေ အများကြီးရှိနေပြီ။ ဒါကြောင့် နောက်ထပ်တစ်ခု ထပ်တိုးလာလည်း မထူးခြားတော့ဘူး။" ဧကရီ Xue မှာ ခေါက်ထားသော ကန့်လန့်ကာ နောက်ကွယ်မှ ထွက်လာကာ သူမ၏ ခေါင်းမာသော စရိုက်အား ဖက်တွယ်ထားသည်။ သူမက အခြားသော ဧကရီများ၏ ခံ့ညားထည်ဝါမှုနှင့် ပြေပြစ်ကျက်သရေရှိမှုများ ကင်းမဲ့သည့်အပြင် ရတနာများဖြင့် မွမ်းမံထားခြင်းမရှိပေ။ သို့တိုင် နှစ်များကြာလာသည့်တိုင်အောင် သူမရဲ့ရုပ်ရည်မှာ ကောင်းမွန်နေဆဲဖြစ်ကာ မီးခိုးပြာရောင် မြေခွေးသားမွေးဝတ်စုံအောက်တွင် နှင်းဖြူရောင် အဝတ်အစားအား  ၀တ်ဆင်ထားသည်။အသက်အရွယ်အရ သူမ၏မျက်နှာပေါ်တွင် အရေးကြောင်းများ ရှိလာသော်လည်း  ဖျတ်လတ်ကာ အထက်တန်းကျသော အငွေ့အသက်အား မထိခိုက်စေချေ။ အကယ်၍ သူမက နန်းတော်ထဲတွင် မဟုတ်လျှင် နတ်မိမယ်တစ်ပါးဟု အထင်မှားခံရနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now