အခန်း(၅၀၇)

1.2K 105 13
                                        

အခန်း(၅၀၇)

ငါတို့က ရေရှည်ပူးပေါင်းကြမယ်။







Han Yunxi က Mu Linger  ကို ဘာပြောလိုက်တာလဲ။

၎င်းမှာ နှစ်ယောက်သာ သိသော တစ်စုံတစ်ရာ ဖြစ်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ Mu Linger မှာ ရုတ်တရက် ရောင်စဥ်ဖြာကာ တောက်ပလာတော့သည်။

“Han Yunxi. .. ငါ့နင့်ကို ယုံတယ်။"

Han Yunxi  ၏ အဓိကအချက်မှာ သူမ ပြောခဲ့သည်မှ ဒုတိယတစ်ပိုင်း ဖြစ်သည်။ သို့ဖြစ်၍ သူမက ထပ်ပြောလိုက်သည်။ “မင်းက ဘာမှ မသိသလို ဟန်ဆောင်နေတာ ကောင်းလိမ့်မယ်..”

Mu Linger  မှာ အလွန်အမင်း စိတ်ကောင်းဝင်နေကာ နတ်ဆိုးလေးကဲ့သို့ ရယ်မောလိုက်သည်။ “ငါက ဘယ်လို သိမှာလဲ.. ငါက ဘာမှ မသိဘူး။”

ထိုမိန်းကလေးမှာ ပြုံးနေလျှင် ပို၍ လှပကြောင်း Han Yunxi  မှာ သတိထားမိသွားတော့သည်။ သူမက ဆေးပုလင်းတစ်ပုလင်းအား ပေးကာ ပြောလိုက်သည်။ “မြန်မြန်.. မင်းလည်ပင်းက ရှရာကို လိမ်းလိုက်။ အမာရွတ်မကျန်အောင် သတိထား.. ပြီးတော့ မင်းရဲ့ အိမ်ထောင်ရေးလမ်းကြောင်းကို မဖျက်ဆီးစေနဲ့။"

Mu Linger  မှာ ပုလင်းအား မထိမဲ့မြင်ဖြင့် ကြည့်လိုက်သည်။ “မလိုပါဘူး.. ငါ့မှာ ကိုယ်ပိုင်ဆေး ပေါလွန်းလို့..”  သူမက ထွက်သွားလိုက်ပြီးမှ လျင်မြန်စွာ နောက်ပြန်ဆုတ်လာကာ Han Yunxi ၏ နားတွင် တီးတိုးပြောလိုက်သည်။ “Han Yunxi.. ငါတို့ အရင်တုန်းက လုပ်ထားတဲ့ သဘောတူညီမှုက ထည့်တွက်လို့ရသေးလား။”

လွန်ခဲ့သော လအနည်းငယ်က Han Yunxi  မှာ Mu Linger  အား ဆေးနတ်ဆိုးဆေးပေးခန်းသို့ လာရောက်ကာ ဆေးမိစ္ဆာအရှင်ဖြင့် ဆေးဝါးပညာ စိန်ခေါ်စေချင်ခဲ့သည်။ ထျန်းနင်တွင် ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေမှုကြောင့် ဆေးနတ်ဆိုးဆေးပေးခန်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပဲ Mu Linger  မှာလည်း မူမျိုးနွယ်မှ လိုက်ဖမ်းနေသူများထံမှ ထွက်ပြေးနေရသဖြင့် စိတ်ရှုပ်ခံကာ လိုက်မလာနိုင်ပေ။ Han Yunxi  ၏ မျက်လုံးများတွင် ဥာဏ်များမှုလေးက ဖြတ်သွားတော့သည်။ ယခုတွင် သူမက ထိုမိန်းကလေးအား ဆေးနတ်ဆိုးဆေးပေးခန်းသို့ မည်သို့ မြှားခေါ်ရမည်မှန်း အတိအကျသိသွားလေပြီ။ ၎င်းမှာ အနည်းငယ် ခိုးကြောင်ခိုးဝှက်နိုင်သော်လည်း သူမက လုပ်ဆောင်လိုက်ဆဲပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now