အခန်း(၄၀၈)

970 105 16
                                    

အခန်း(၄၀၈)

မုန်တိုင်းက လာနေပေမယ့် ရှင်က စိတ်အေးလက်အေးရှိနေတုန်းပဲ။






ဧကရာဇ် Taihui မှာ မူလတွင် ချင်ဝမ်အား ဘေးသင့်ဒေသများတွင် လယ်စိုက်ရာသီအထိ နေစေရန် စီစဉ်ထားခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ထိုအမျိုးသားအား မြို့တော်ရှိ အာဏာဆက်နွယ်မှုနှင့် ကင်းဝေးသော ဘေးသင့်ဒေသများ၏ ဒုက္ခများဖြင့် အလုပ်ရှုပ်နေစေလိုခြင်း ဖြစ်သည်။ သို့သော် ချင်ဝမ်မှာ အငတ်ဘေးအား နွေဦးမရောက်ခင် ဖြေရှင်းပြီးကာ ပြန်ဆင့်ခေါ်မည်အား စောင့်နေရင်း မည်သည့်ကိစ္စမှ လုပ်စရာမရှိတော့ပေ။

ထိုအခြေအနေများအောက်တွင် ချင်ဝမ်အား တောင်ဘက်နင်စီရင်စု၌ ဆက်လက်ထားရှိခြင်းမှာ ထိုနေရာတွင် အင်အားတည်ဆောက်ခွင့် ပြုလိုက်ခြင်းပင် ဖြစ်သည်။ သူက တောင်ဘက်နင်စီရင်စုသာမက ထိစပ်နေသည့် ဒေသကြီးနှစ်ခုအားပင် အပြည့်အဝပင် ထိန်းချုပ်သွားနိုင်သည်။ ထိုဒေသသုံးခုမှာ ဤတစ်ကြိမ်၌ ထျန်းနင်တွင် အငတ်ဘေးအား ပြင်းထန်စွာခံစားခဲ့ရသော အရေးပါသည့် ဒေသများဖြစ်သည်။ ၎င်းတို့၏ စုစုပေါင်းနယ်မြေမှာ ထျန်းနင်အလယ်ပိုင်း၏ တစ်ဝက်လောက်ရှိပြီး တိုင်းပြည် တောင်နှင့်မြောက် ကြားတွင် သော့ချက်နေရာဖြစ်သည်။ အလယ်ပိုင်းရှိ ထျန်းနင် လူဦးရေ အများစုမှာ ထိုစီရင်စုများတွင် နေထိုင်ကြသည်။ အကယ်၍ ၎င်းမှာ ချင်ဝမ်၏ ထိန်းချုပ်မှုအောက် ကျရောက်သွားလျှင် သူ၏ အာဏာနှင့် လွှမ်းမိုးနိုင်စွမ်းမှာ သိသာစွာ တိုးတက်လာနိုင်သည်။

ဧကရာဇ် Taihui မှာ ထိုဖြစ်နိုင်ချေအား မည်ကဲ့သို့ မထိတ်လန့်ပဲ နေနိုင်မည်နည်း။

ယခုအချိန်တွင် သူက အိပ်ရာတွင် နာမကျန်းဖြစ်ကာ လှဲနေရသည်။ ဂရုတစိုက် စဥ်းစားပြီးနောက် ချင်ဝမ်အား တောင်ဘက်သို့ ပို့လိုက်ခြင်းမှာ ဆိုးရွားသော ရွေးချယ်မှုဖြစ်ကြောင်း သတိပြုမိသွားသော်လည်း ယခုအချိန်တွင် အလွန်နောက်ကျသွားပြီ ဖြစ်သည်။ ဧကရာဇ် Taihui မှာ ကျန်းနန်မက်မန်းပွင့်ပင်လယ်သို့ Liuကုန်းကုန်းအား စေလွှတ်လိုက်လျှင် ထိုသနားစရာကောင်းသော အမျိုးသားမှာ ဧည့်ခန်းမတွင် နေ့တစ်ဝက်နီးပါး ထိုင်နေခဲ့ရသည်။ သို့တိုင် သူက အရှင့်သားချင်ဝမ်နှင့် လေးစားရတဲ့ဝမ်ဖေး၏ ဆံချည်တစ်မျှင်ပင် မမြင်ရချေ။ ထိုအစား Chu Xifeng မှာ ထွက်လာကာ သူ့အား တွေ့ဆုံလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now