အခန်း(၅၄၈)
အောင်အောင်မြင်မြင် ခေါ်နိုင်သွားတယ်။
Han Yunxi မှာ အသေးလေးအား ရင်ဘတ်တွင် ပွေ့ဖက်ထားရင်း စာကြည့်ခန်းတွင် ထိုင်ကာ အသက်ပြင်းပြင်းရှူရင်း မျက်လုံးမှိတ်လိုက်သည်။ အဆိပ်ဖြေစနစ်မှာ အသက်ရှိနေသည့် အရာများအား လက်မခံနိုင်သဖြင့် ဤတစ်ကြိမ်တွင် သူမ အဆိပ်သိုလှောင်ရုံနေရာလွတ်အား အသုံးပြုလိုက်သည်။ အတိတ်တွင် နေရာလွတ်မှာ အဆိပ်ရေကန်တစ်ခုလုံးအား လက်ခံခဲ့ပြီး သူမအား ရက်များစွာ သတိလစ်နေစေခဲ့သည်။ ဤတစ်ကြိမ်တွင် သူမက မည်သို့ဖြစ်လာမည် သို့မဟုတ် ဤသည်မှာ အလုပ်ဖြစ်မည်လား မသိပေ။ အဆုံးတွင် အသေးလေးမှာ အဆိပ်ရှိသော်လည်း အသက်ရှိနေသည့် သတ္တဝါဖြစ်နေသည်။
သူမ၏ အတွေးများအား တည့်မတ်ပြီးနောက် Han Yunxi မှာ လျင်မြန်စွာ လုပ်ဆောင်လိုက်သည်။ သူမက မျက်လုံးမှိတ်ကာ အဆိပ်များအပေါ်တွင် အာရုံစိုက်သကဲ့သို့ တူညီစွာ အသေးလေးအပေါ်တွင် အာရုံစူးစိုက်လိုက်သည်။ သူမက မျက်လုံးမှိတ်ထားကာ အခန်းမှာ တိတ်ဆိတ်နေစဥ် ရုတ်တရက် အိပ်နေသော အသေးလေးမှာ ပြတင်းပေါက်သို့ လှမ်းကြည့်လိုက်လေသည်။
“ဘာဖြစ်လို့လဲ။" Han Yunxi မှာ အသေးလေးအား နှစ်သိမ့်လိုက်ပြီးနောက် ပြတင်းပေါက်အား ကြည့်လိုက်သည်။ တစ်ယောက်ယောက်ရှိနေတာလား။
သူမ၏ နှလုံးသားမှာ တုန်ရင်သွားပြီး အပြင်သို့ လှမ်းကြည့်လိုက်သော်လည်း မည်သည့်အရာမှ မမြင်ရပေ။ သူမက အသေးလေးအား ပြတင်းပေါက်ဘောင်တွင် တင်လိုက်သော်လည်း သူက တုံ့ပြန်ခြင်း မပြုသဖြင့် Han Yunxi မှာ စိတ်ပူနေခြင်း ရပ်တန့်လိုက်တော့သည်။ အဆုံးတွင် ချင်ဝမ်အိမ်တော်၌ အစောင့်အကြပ်များစွာ ရှိနေသည်။ အထူးသဖြင့် သူမ၏ အိပ်ဆောင်ပတ်လည်တွင်ပင်။ ၎င်းမှာ အခြေခံအားဖြင့် အပြင်လူများဝင်ရန် မဖြစ်နိုင်ပေ။ လိုရမယ်ရ သူမက ပြတင်းပေါက်မျာအား ပိတ်ကာ ယခုတွင် နိုးနေသော အသေးလေးဖြင့် ပြန်ထိုင်လိုက်သည်။ အစောတွင် သူက လူကြီးမင်း ကိုယ်သင်းရနံ့အား ရလိုက်ကာ အလိုအလျောက် တုံ့ပြန်မိသွားသဖြင့် လူကြီးမင်းမှာ ပုန်းကွယ်နေလိုက်ရသည်။ အသေအချာပင် သူက လူကြီးမင်းအား ဖော်ထုတ်မည် မဟုတ်ပေ။

YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficción histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...