အခန်း(၅၂၇)

992 98 43
                                        

အခန်း(၅၂၇)

စကားလုံးများနှင့် ကိုယ်တိုင် ဥပမာဖြင့် သင်ကြားပေးခြင်း။





နောက်ဆုံးတွင် သူမက ထပ်မံ၍ အသက်ရှူနိုင်သွားပြီး Han Yunxi မှာ သက်တောင့်သက်သာ ခံစားလိုက်ရသည်။ သူမက လျင်မြန်စွာ မတ်လိုက်ပြီး အဆုတ်အပြည့် လေရှူသွင်းလိုက်သည်။ Long Feiye ၏ လက်မှာ မည်သည့်အရာမှ ထိတွေ့နေခြင်း မရှိတော့ပဲ ပြန်လည် သတိဝင်လာသည်။ သူက ခန္ဓာကိုယ်အောက်ပိုင်းမှ တုံ့ပြန်မှုအား လျစ်လျူရှုကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ “မင်းက ထွေးထုတ်နိုင်ပြီလား။”

Han Yunxi မှာ ခေါင်းငြိမ့်ရင်း အသက်ရှူနေပြီး ထိုအမျိုးသားမှာ သူ၏ တို့ဖူးအား မည်သို့ အပြည့်အဝ စားသုံးလိုက်ရကြောင်း အနည်းငယ်ပင် သတိမပြုမိပေ။ သူမအတွက် အရေးပေါ် ကယ်ဆယ်ရေးအခြေအနေများမှာ သာမာန်သာ ဖြစ်ကာ သူမကိုယ်တိုင် ပါဝင်နေသည့် ကိစ္စများဆို ပြောစရာ မလိုတော့ပေ။ ထိုအခြေအနေများအောက်တွင် မည်သူက အလွန်များပြားသော အသေးစိတ်အချက်အလက်များအား ဂရုစိုက်နိုင်မည်နည်း။

သူမက အဆင်ပြေသွားကြောင်း သေချာသွားသည်နှင့်  Long Feiye  မှာ တိတ်ဆိတ်စွာ အသက်ရှူထုတ်လိုက်သည်။ သူ၏ အကြည့်များမှာ မထိန်းချုပ်နိုင်ပဲ Han Yunxi  ၏ ကိုယ်ပေါ်တွင် ဝေ့ဝဲနေသည်။ ကျန်းနန်မက်မန်းပွင့်ပင်လယ်ရှိ ရေပူစမ်းမှ သူမ၏ အဝတ်မဲ့သော မှတ်ဥာဏ်ပုံရိပ်များမှာ သူ၏ အတွေးထဲ တိုးဝင်လာပြီး အသက်ရှူသံမှာ ပြင်းထန်လာသည်။ ထိုအမျိုးသမီးမှာ ပိန်သွယ်သော်လည်း သင့်တော်သော အချိုးအဆ ကောက်ကြောင်းများဖြင့် နူးညံ့သိမ်မွေ့သော ပုံစံရှိကြောင်း သူက သိနေသည်။

Han Yunxi မှာ သူ၏ အတွေးများအား မသိပဲ လည်ချောင်းရှင်းရန် ရေအနည်းငယ် သောက်လိုက်သည်။ ထို့နောက် သူမက အလေးအနက် ပြောလိုက်သည်။ “ Long Feiye.. ဒီမှာ.. ကျွန်မကရှင့်ကို အရေးပေါ် အသက်ကယ် နည်းလမ်းတွေကို သင်ပေးမယ်။" သူမက သရုပ်ပြရန် သူ၏ အနောက်၌ ရပ်လိုက်လျှင် သူမအတွက် သတ်မှတ်နေရာအား မှီရန် သူကအလွန် အရပ်မြင့်မားလှကြောင်း ရှာတွေ့သွားတော့သည်။ ရွေးချယ်စရာမရှိတော့ပဲ သူမက နည်းလမ်း ပြောင်းရတော့သည်။ Long Feiye  ၏ ဝမ်းဗိုက်အား အနောက်မှ ဖက်လိုက်ပြီးနောက် ရှေ့သို့ ကိုင်းစေလိုက်သည်။ သူမ၏ အခြားလက်တစ်ဖက်မှာ ချက်အပေါ်နှင့် ရင်ညွှန့်အောက်တွင် လက်သီးဆုတ်လိုက်သည်။ နောက်တစ်ဖက်မှာ လက်သီးအား ဆုတ်ကိုင်ထားပြီး ပင့်တင်လိုက်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now