အခန်း(၄၈၂)

1K 110 18
                                        

အခန်း(၄၈၂)

ချဥ်စုတ်နေတယ်။





Duanmu Yao  က ပေါ်လာတယ်။

အနောက်ကျိုး ဧကရာဇ်ထံမှ ပစ်ပယ်ခံရပြီးနောက် Duanmu Yao  မှာ ကောင်းကင်ယံတောင်ဓါးဂိုဏ်းတွင် ပုန်းအောင်းနေခဲ့သည်။ သို့တိုင် ထိုနေရာတွင် ကောင်းမွန်စွာ နေထိုင်ခဲ့ရဟန်တူသည်။ မူလတည်းကပင် သူမတွင် နတ်မိမယ်တစ်ပါးကဲ့သို့ အသွင်အပြင် ရှိကာ အနည်းငယ် ပိန်သွယ်သော်လည်း ယခုတွင် ပြည့်လာသည်။ သူမ၏ ပျော့ပျောင်းသော ရင်သား အစိတ်အပိုင်းများအား ပေါ်လွင်စေသော ဂါဝန်ရှည်ဖြင့် အတော်လေး လှနေလေသည်။

Han Yunxi ၏ မျက်လုံးများမှာ Duanmu Yao ၏ ဓါးအား ပထမဆုံး သတိပြုမိပြီး ရေခဲပြာရောင် ဓါးအိမ်တွင် နားခိုနေသည်။ ၎င်းမှာ Long Feiye  ၏ ဓါးပုံစံနှင့် ဆင်တူလေသည်။  Duanmu Yao  မှာအနောက်ကျိုး၏ မင်းသမီးတစ်ပါး အနေဖြင့် လက်နက်တစ်စုံတစ်ရာ သယ်ဆောင်ခြင်း မရှိသော်လည်း ယခုတွင် သူမ၏ ခါးရှိ ဓါးမှာ တော်ဝင်မိသားစုနှင့် ချည်နှောင်ထားမှုများ ဖျက်ဆီးကာ ကျန်းဟူမှ လူတစ်ယောက်ဖြစ်လာကြောင်း ညွှန်ပြနေသည်။ Duanmu Yao နှင့် Long Feiye  တို့မှာ ကောင်းကင်ယံတောင်ဓါးဂိုဏ်း ဂိုဏ်းချုပ်၏ အတွင်းစည်းတပည့်များ ဖြစ်ကြောင်း သူမက သိထားသည်။ တစ်ယောက်စီမှာ ထိပ်တန်းအဆင့် ဓါးပညာအား ပိုင်ဆိုင်ထားလေသည်။

ဤထောင့်မှ သူမက မြင်ရသမျှမှာ Long Feiye  ၏ နောက်ကျောနှင့် Duanmu Yao  ၏ ပြုံးနေသော မျက်နှာ ဖြစ်သည်။ သူမမျက်လုံးထဲရှိ ချစ်ခြင်းမှာမြင်ရသူ မည်သူမဆို သိသာလှကာ သူတို့၏ စကားဝိုင်းမှာ ဆိတ်ငြိမ်ကာ မမြင်နိုင်ပေ။ Han Yunxi  မှာ တိတ်ဆိတ်စွာ ကြည့်နေပြီး နှလုံးသားတွင် မြင်ကွင်းကြောင့် မသက်မသာ ခံစားလိုက်ရတော့သည်။ မူလတွင် Long Feiye  မှာ သူမအား ပြောရန် အဆင်မပြေသော အရေးကြီးကိစ္စများ ရှိနေသဖြင့် ဥယျာဥ်ထဲတွင် စောင့်နေရန်မှာကြားကာ အလျင်စလို ထွက်သွားသည်ဟု သူမက ယူဆခဲ့သည်။ သူမက သူ့အား နှောင့်ယှက်မိသွားမည်အား စိုးရိမ်ကာ ဝင်မသွားပဲ ချောင်းကြည့်ရန်သာ ရွေးချယ်ထားခဲ့သည်။

သို့တိုင် သူ၏ ဧည့်သည်မှာ Duanmu Yao  ဖြစ်နေမည်ဟု သူမက မထင်မှတ်ထားပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now