အခန်း(၄၇၈)

684 86 16
                                    

အခန်း(၄၇၈)

ချင်ဝမ်၏ ပြောင်မြောက်သော လက်ရာ။







ကျောက်မီးသွေးနှင့်တူသော အမှုန့်များမှာ ခရားထဲမှ ကြမ်းပြင်ပေါ်သို့ စီးကျလာသည်။ သူတို့က ယမ်းမှုန့်ကို ရှာတွေ့ပြီ။ ယမ်းမှုန့်က စားသောက်ဆိုင် ဝိုင်သိုလှောင်ခန်း မြေအောက်ထပ်မှာ ဝှက်ထားတာပဲ။

Han Yunxi မှာ ဝမ်းသာအားရဖြင့် အသေးလေးအား အဆိပ်တစ်ချို့ ဆုချလိုက်သည်။ “မင်းက လှလှပပ လုပ်လိုက်တာပဲ။ မင်းက သူတို့ နှစ်ယောက်ထက် တော်တယ်။"

အသေးလေးမှာ သူမစကားများမှ အများစုအား နားလည်ဟန်တူကာ အဆိပ်များယူလိုက်ပြီးနောက် ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။ Long Feiye  မှာ မကြားဟန်ပြုနေကာ အေးစက်စွာ ပြောလိုက်သည်။ “Zhangsun Zelin  က ယမ်းနံ့ကို ဝိုင်နံ့ အောက်မှ ဖုံးထားတဲ့အထိ ထက်မြက်သားပဲ။ ကြွေခရားတွေထဲမှာ ထည့်ထားတော့ မီးလောင်ဖို့လည်း မဖြစ်နိုင်ဘူး။”

“ဝမ်ရယ်... အဲ့တာတွေကို သိုလှောင်ဖို့ အလုံခြုံဆုံးနဲ့ တစ်ချိန်တည်းမှာ အန္တရယ်အရှိဆုံး နေရာပဲ။ အပေါ်မှာ အရက်ကလွဲပြီး ဘာမှ မရှိဘူး။ တစ်ကယ်လို့ တစ်ခုခုက မီးစွဲသွားရင် အကျိုးဆက်က မတွေးဝံ့စရာပဲ။" Han Yunxi မှာ ခံစားချက်များဖြင့် ပြောလိုက်သည်။

အကယ်၍ ယမ်းမှုန့်များမှ မီးစွဲလာလျှင် မြေပေါ်ရှိ ဝိုင်ခရားများအား ကွဲသွားစေနိုင်သည်။ အရက်ပါဝင်မှုနှုန်းထားမှာ ပေါက်ကွဲမှုနှင့် မီးလောင်ခြင်း၏ အာနိသင်အား ပို၍ ဆိုးရွားစေနိုင်သည်။ Long Feiye  မှာ အကြောင်းအရာအား စိတ်ဝင်တစားဖြင့် ခေါင်းငြိမ့်လိုက်ပြီး  ဝိုင်ခရားအား ကောက်ယူရန် လမ်းလျှောက်သွားလိုက်သည်။ သူက အလေးချိန်အား စမ်းသပ်နေဟန်တူသည်။

“ဝမ်ရယ်.. အခု ကျွန်မတို့ ဘာလုပ်သင့်လဲ။” Han Yunxi  မှာ အလေးအနက် မေးလိုက်သည်။ သူတို့က သက်သေအား တွေ့ထားပြီး ဖြစ်သော်လည်း ယခုမှ ခက်ခဲသော အပိုင်းမှာ ရောက်လာခြင်း ဖြစ်သည်။ သူတို့က ကိစ္စတွေကို Zhangsun Zelin နဲ့ ဘယ်လိုဆက်စပ်မှာလဲ။ သူတို့က ယမ်းမှုန့်တွေအကြောင်းနဲ့ တိုက်ရိုက် ခြိမ်းခြောက်ပြီးတော့ ဆေးဝါးမြို့တော်နဲ့ လျှို့ဝှက်အပေးအယူလုပ်နေတဲ့ သက်သေကို ဖိအားပေးပြီး တောင်းရမှာလား။ ပုံမှန်အခြေအနေတွင် ထိုကဲ့သို့ ခြိမ်းခြောက်မှုမှာ အလုပ်ဖြစ်နိုင်သော်လည်း ဤနေရာမှာ မှောင်ခိုဈေးဖြစ်နေသည်။ Zhangsun Zelin  မှာ ဤနေရာရှိ စီးပွားရေးတစ်ဝက်အား ကွပ်ကဲနေသည်။ သူက ဘယ်လိုလုပ် အလွယ်တကူ ခြိမ်းခြောက်လို့ရမှာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now