အခန်း(၄၁၈)

956 112 8
                                    

အခန်း(၄၁၈)

မထင်မှတ်ထားသော။ အလျင်စလို ဖြစ်သွားသော အခြေအနေ အလှည့်အပြောင်း။






အဆိပ်ဖြေစနစ်မှာ Baili Mingxiang ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် တစ်ထပ်တည်း တူညီစွာ ပြီးပြည့်စုံသည့် နမူနာအား ဖန်တီးရန် မဖြစ်နိုင်ပေ။ မဟုတ်လျှင် Han Yunxi မှာ မိန်းမလှသွေးမှ အပြည့်အဝ ရင့်မှည့်လာသည်အထိ စောင့်နေမည့်အစား ချက်ချင်းလက်ငင်းပင် အဆိပ်အား ကုသလိုက်မည်။ တစ်စိတ်တစ်ပိုင်းမိန်းမလှသွေးမှာ ပုလင်းထဲ၌ ပုံမှန်မဟုတ်စွာ နီရဲနေသည်။ Han Yunxi မှာ သူမ၏ ဖြေဆေးအား ထုတ်ယူကာ သီးခြား ပုလင်းထဲတွင် ထည့်လိုက်သည်။ ပုလင်းအလွတ်များမှာလည်း ပထမပုလင်းဘေးတွင် ရှိနေကာ သူမက သေးငယ်သော ကြွက်ဖြူတစ်ကောင်အား အဆိပ်နှင့် ဖြေဆေးအား ထည့်သွင်းရန် ဆွဲယူလိုက်သည်။

အခြားအမျိုးသမီးများမှာ သူတို့၏ စာကြည့်ခန်းတွင် တူရိယာပစ္စည်းများ၊ စစ်တုရင်အစုံလိုက်၊ လက်ရေးလှ၊ ပန်းချီ သို့မဟုတ် ချည်ထိုးနမူနာများ ရှိနေမှာ သေချာသော်လည်း Han Yunxi ၏ အခန်းမှာ ကျန်သည့်အရာများဖြင့် ကွာခြားလှသည်။ သူမအခန်း၏ နံရံနှစ်ဖက်မှာ စာအုပ်စင်များဖြင့် ဖုံးလွှမ်းထားပြီး တတိယတစ်ဖက်တွင် ဆေးသေတ္တာများသာ ရှိနေသည်။ အခန်းအလယ်တွင် ကြီးမားသော စားပွဲတစ်လုံး ရှိနေပြီး လက်ရှိတွင် ပုလင်းမျိုးစုံဖြင့် ပြည့်နှက်နေသည်။ ၎င်းမှာ အမျိုးသမီးတစ်ယောက်၏ စာကြည့်ခန်းနှင့် မတူသကဲ့သို့ သမားတော်တစ်ယောက်၏ စာကြည့်ခန်းဖြင့်လည်း မတူပဲ တစ်စုံတစ်ရာမှာ ထူးခြားနေသည်။

Su Xiaoyu မှာ လေးစားရတဲ့ဝမ်ဖေး၏ စာကြည့်ခန်းအား တစ်မူထူးစွာ သိချင်စိတ်ပြင်းပြနေသော်လည်း သူမက အထဲသို့ ဝင်နိုင်ရန် အခွင့်အရေး အနည်းငယ်သာ ရှိလေသည်။ လေးစားရတဲ့ဝမ်ဖေးမှာ သူမက အပြင်သွားချိန်တွင် မည်သူမှ ဝင်ရောက်ခြင်း မပြုရန် တင်းကျပ်စွာ အမိန့်ပေးထားလေသည်။ သူမက မည်မျှပင် သိချင်နေပါစေ စည်းကမ်းအား အလွယ်တကူ မချိုးဖောက်နိုင်သေးပေ။ သူမ၏ ချင်ဝမ်အိမ်တော်သို့ ဝင်ရောက်လာရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရှင်းလင်းနေပြီး အခြားကိစ္စများအား စပ်စုကာ ရောထွေးရန် မလိုအပ်ပေ။ လက်ရှိတွင် သူမက မုန့်များအပြည့်ဖြင့် ပန်းကန်အား သယ်ကာ အထဲသို့ ဝင်လာလျှင် Han Yunxi မှာ ကြွက်ဖြူလေးအား စားပွဲပေါ်တွင် ဂရုတစိုက် တင်ထားကြောင်း တွေ့လိုက်ရသည်။ ထို့နောက် သူမက သတ္တဝါလေး၏ ပေါင်အား ဂရုတစိုက်ဖြင့် အပ်ထိုးလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now