အခန်း(၄၃၇)
ဒီသခင်လေးက သက်ညှာမှုမရှိပဲ သတ်နိုင်တယ်။
ဖြေဆေးယူလာဖို့ မေ့နေတယ်။ အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အဆိပ်သခင်များနှင့် ဆေးပညာကျွမ်းကျင်သူများမှာ အမြဲတစေ ဖြေဆေး ဆောင်ထားသည့် အကျင့်ရှိတတ်ကြသည်။ အထူးသဖြင့် ၎င်းမှာ အဆိပ်သခင်များအတွက် မှန်ကန်ပြီး အဆိပ်နှင့် ဖြေဆေးအတူတကွ ဆောင်ထားလေ့ရှိတယ်။ သူက ထိုဥပမာပင်။ အဆိပ်နှင့်ဖြေဆေးအပြင် သူက လိုရမယ်ရ ဝက်ဝံမြစ်ကဲ့သို့ တန်ဖိုးရှိပစ္စည်းပင်လျှင် ဆောင်ထားလေ့ရှိသည်။
ဒီအနက်ဝတ်နဲ့လူက သူ့ကို အရူးလုပ်နေတာပဲ ဖြစ်ရမယ်။
“မင်းက ငါ့ကို လှည့်စားနေတာပဲ ဖြစ်ရမယ်။" Jun Yixie မှာ အလွန်ဒေါသထွက်နေသဖြင့် ဝမ်းဗိုက်မှ နာကျင်မှုအားပင် မေ့လျော့သွားသည်။
Gu Qishao မှာ ပြောင်ပြောင်တင်းတင်းပဲ ဝန်ခံလိုက်သည်။ “မှန်တယ်…. ဒီသခင်လေးက မင်းကို လှည့်စားချင်နေတယ် ဘာဖြစ်လဲ။”
“မင်း..” Jun Yixie မှာ လက်သီးဆုတ်လိုက်ကာ တခြားအမျိုးသားအား ထိုးနှက်လုနီးပါးဖြစ်နေသော်လည်း ကျွန်း၏ စည်းမျဉ်းများမှာ သူ့အား တားမြစ်ထားသည်။ ကျွန်းပေါ်တွင် တိုက်ခိုက်သူများမှာ မကောင်းဆိုးဝါးများအဖြစ် သတ်မှတ်ခံရကာ အလဲအလှယ်အနေဖြင့် အသက်ပေးဆပ်ရမည်။ ထိုအပြစ်ကျူးလွန်ထားသူများအပေါ် ပြင်းထန်သော ကျိန်စာများ၊ သဘာဝမကျသော သေခြင်းတရားများက အကြိမ်များစွာ ရောက်လာလေ့ရှိသည်။
Jun Yixie မှာ နာကျင်မှုအား သည်းခံကာ အသက်ရှူရင်း ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ “မင်းက ဒီအရှင်ဆီက ဘာလိုချင်လို့လဲ။”
Gu Qishao မှာ ညင်သာစွာ သက်ပြင်းချလိုက်သည်။ “အို… ဘာမှ မလိုချင်ပါဘူး။ ငါက မင်းကို ဒုက္ခပေးဖို့ အထူးတလည် ခရီးထွက်လာတာပဲ။”
“ငရဲသာ သွားလိုက်..” Jun Yixie ၏ လက်သီးမှာ Gu Qishao ထံ ဦးတည်သွားသော်လည်း မြေပြင်သို့ လဲကာ ဒူးထောက်ကျသွားတော့သည်။ သူက ဘဝတစ်လျှောက်လုံးတွင် မည်သည့်အချိန်ကမှ ဤမျှ နိမ့်မကျခဲ့ပေ။ သူ၏ မူလ အစီအစဉ်တွင် Long Feiye နှင့် Han Yunxi တို့အား ရင်ဆိုင်ရာတွင် အသာစီးယူရန် ကျွန်း၏ တားမြစ်ချက်အား အသုံးချရန် စိတ်ကူးခဲ့သည်။ သို့သော် အဆုံးတွင် သူကသာ ထိုစည်းမျဉ်း၏ သားကောင်အဖြစ် ကျဆင်းသွားသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
