အခန်း(၄၉၀)

865 106 26
                                        

အခန်း(၄၉၀)

နောက်တစ်ကြိမ် သူမကို အော်ကြည့်လိုက်။






ရုတ်တရက် ပွင့်လာသော တံခါးကြောင့် Han Yunxi  နှင့်  Gu Qishao  တို့မှာ တုံ့ပြန်ရန် အချိန်မရှိလိုက်ချေ။ Long Feiye မှာ ခြေလှမ်း ကျယ်ကျယ်လှမ်းကာ ကန့်လန့်ကာအား ဖြတ်ကျော်လာသည်။

မရေရာသော ရနံ့များဖြင့် ပြည့်နေသော အခန်းတစ်ခန်း၊ ပြန့်ကျဲနေသော အဝတ်အစားများဖြင့် ကြမ်းပြင်နှင့် ကုတင်ပေါ်တွင် ထိုင်နေသည့် လှပသော မိန်းကလေးတစ်ဦးအား သူက မြင်လိုက်ရသည်။

Han  Yunxi ၏ စကတ်များမှာ  မြင့်မားစွာ ဆွဲတင်ထားကာ  သူမ၏ သွယ်လျသော ကျောက်စိမ်းကဲ့သို့ ခြေဖဝါးများမှ ပေါ်လွင်နေသည်အား သူက မြင်လိုက်ရသည် ။ သူမ၏ အပေါ်ပိုင်းအဝတ်များမှာ ရင်ဘတ်တခွင်တွင် ချည်နှောင်ထားပြီး၊ ဆံပင်ရှည်များမှာ မျက်နှာတွင် ပြေလျော့စွာ ကျနေကာ ကျန်ဆံနွယ်များမှာ ခေါင်းနောက်တွင် မသေမသပ် ချည်နှောင်ထားသည်။

Gu Qishao ၏ ရှည်လျားသွယ်လျသော ခြေတံများမှာလည်း ပေါ်လွင်နေကာ၊ ဗလာကျင်းနေသည့် ခန္ဓာကိုယ်အပေါ်ပိုင်းအား  အိပ်ယာခင်းများဖြင့် ပတ်ထားသည်အား သူမြင်လိုက်ရသည်။ သူ၏ လက်မှာလည်း Han Yunxi ၏ အဝတ်ကင်းမဲ့သော ပုခုံးတွင် နားခိုနေသည်။

Long Feiye မှာ တောင့်တင်းကာ တစ်လက်မပင် မလှုပ်ပဲ မတ်တပ်ရပ်နေသည်။ သူ၏ မျက်နှာမှာ လုံးလုံးလျားလျားပင် အမူအရာကင်းမဲ့နေသော်လည်း နှစ်ယောက်အား စိုက်ကြည့်နေပြီးနောက် အေးစက်သောမျက်လုံးများမှာ Han  Yunxi ၏ မျက်ဝန်းများအား တုံ့ပြန်မှုမရှိပဲ သူမကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ပင်။ ထိုစဥ် Han Yunxi နှင့် Gu Qishao နှစ်ဦးစလုံးမှာ မှင်သက်နေသည်။ Long Feiye မဟုတ်ဘဲ သူတို့၏အခန်းထဲသို့ ဝင်လာသူများမှာ စစ်သားများဟု  သူတို့က ယူဆထားခြင်း ဖြစ်သည်။

ဒီကောင် ... Duanmu Yao နဲ့ ထွက်သွားတာမဟုတ်ဘူးလား။ သူဘယ်တုန်းက ပြန်ရောက်လာတာလဲ။ ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။

Han  Yunxi မှာ ယခုအချိန်တွင် အံ့သြမှုအားသာ ခံစားနေရသည်။ အဆုံးတွင်၊ Long Feiye မှာ Duanmu Yao နှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူမက ယုံကြည်နေခဲ့ပြီး ထိုကဲ့သို့ အလျင်စလိုဖြစ်နေသဖြင့် သူတို့က ပြန်မလာမီ နှစ်ရက်မှ သုံးရက်ကြာလိမ့်မည်ဟု သူမက သေချာနေခဲ့သည်။ တိတ်ဆိတ်နေသော အခန်းထဲတွင် လူသုံးယောက်မှာ စကားမပြောပဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ အချိန်များမှာလည်း  သူတို့၏ အသက်ရှူသံနှင့်အတူ ရပ်တန့်နေပုံရသည်။သို့သော် Long Feiye မှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ရုတ်​တရက်​ပင်​ အပြင်​ဘက်​မှ ဆူညံသံများ ထွက်ပေါ်လာ​သည်​။ လူများမှာ ပိုရောက်လာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now