အခန်း(၄၈၉)

1K 111 3
                                        

အခန်း(၄၈၉)

အရပ်ရှစ်မျက်နှာလုံး ရှာဖွေခြင်း။





Chu  Xifeng  အားတွေ့ရလျှင် Long Feiye မှာ အံ့သြသွားသော်လည်း Chu  Xifeng မှာလည်း ထပ်တူ အံ့အားသင့်သွားခဲ့သည်။

"အရှင်သား၊ ဒဏ်ရာရထားတယ်။" Chu Xifeng မှာ  Long Feiye ၏ ဖြူဖျော့နေသည့် မျက်နှာနှင့် နှုတ်ခမ်းထောင့်စွန်းမှ သွေးများအား မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ အရှင့်သားချင်ဝမ်မှာ ဤကဲ့သို့ ဖြစ်နေခြင်းမှာ အတွင်းဒဏ်ရာ ပြင်းထန်စွာ ခံစားခဲ့ရခြင်း ဖြစ်လိမ့်မည်။ Duanmu Yao မှ Long Feiye အား ခေါ်ဆောင်သွားနိုင်ကြောင်း Chu Xifeng မှ မြင်ခဲ့စဥ်တွင် ကောင်းကင်ယံတောင်ဓါးဂိုဏ်းနှင့် တစ်ခုခု ပတ်သက်နေမှန်း သူက သေချာပေါက် သိလိုက်သည်။ သို့တိုင် Long Feiye မှ ဒဏ်ရာပြင်းထန်စွာ ရလာမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။။

အရှင့်သားကို တန်ဖိုးထားတဲ့ အကြီးအကဲအိုကြီး ရောက်လာတာမဟုတ်ရင် ဘယ်သူဖြစ်မလဲ။

Long Feiye ၏ အေးစက်သောမျက်လုံးများမှာ စိတ်မရှည်စွာဖြင့် တောက်လောင်နေသောကြောင့် Chu Xifeng မှာ မေးခွန်းများမေးနေခြင်း ရပ်တန့်လိုက်ပြီး သူနှင့်အတူယူလာသော ဒူးလေးတစ်လက်အား ထုတ်လိုက်သည်။ ထို့နောက် ချင်ဝမ်ဖေးမှ ကုအိမ်သို့ သွားရောက်လည်ပတ်မှုနှင့် ထိုနေရာတွင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခံရမှုအကြောင်းအား Long  Feiye ထံ ပြောပြလိုက်သည်။ ထို့အပြင် တော်ဝင်အစောင့်များမှာ ၎င်းတို့ကို လှည့်ဖြားခဲ့ပြီး နောက်ပိုင်းတွင် မီးပုံးနီရပ်ကွက်တွင်လည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ Long Feiye မှာ စကားမဆုံးခင်ပင် ဒူးလေးအား တစ်စစီ ဖျက်ဆီးလိုက်တော့သည်။ သူ၏ အေးစက်သော မျက်နှာမှာ ရေခဲများ စိမ့်ထွက်လာရန် လုံလောက်နေသည်။

"အရှင့်သား ဒီလက်အောက်ငယ်သားက ဒါကိုမြင်ရသလောက် ချူမျိုးနွယ်ရဲ့ အလုပ်ဖြစ်နိုင်တယ်။ Chu Tianyin က Duanmu Yao ကို အကူအညီတောင်းနိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်မှာပါ။”

Chu Xifeng မှာ အသေးစိတ်အချက်အလက်များအား အကြိမ်ကြိမ်သုံးသပ်နေခဲ့သည်။ Su Xiaoyu ၏လက်ထဲတွင် အနောက်ကျိုး တော်ဝင်မိသားစု၏ ခုနစ်ရောင်ချယ်အချက်ပြမီးပန်းများအား သူတို့က ရှာဖွေတွေ့ရှိခဲ့သော်လည်း အနောက်ကျိုး တော်ဝင်မိသားစုမှာ ထျန်းနင်မြို့တော်တွင် ချုပ်ကိုင်ထားစရာမရှိချေ။ ဆန့်ကျင်ဘက်အားဖြင့် ချူမျိုးနွယ်မှာ သြဇာအာဏာပိုရှိသောကြောင့် Duanmu Yao သို့မဟုတ် သူမ၏အစ်ကိုထံမှ မီးပန်းများအား ရယူထားနိုင်သည်။လွန်ခဲ့သည့်တစ်နှစ်က Duanmu Yao မှာ အနောက်ကျိုးဧကရာဇ်မှ သူမအား ပစ်ပယ်ထားပြီးနောက် ကောင်းကင်ယံတောင်ဓားဂိုဏ်းသို့ ထွက်ခွာသွားခဲ့သည်။ ယခု သူမက Long Feiye အား ရှာဖွေရန် ရုတ်တရက် ဆင်းလာခဲ့သည်။ သံသယမရှိစရာမလိုပဲ၊ သူမက ချူမျိုးနွယ်ဖြင့် ပူးပေါင်းကာ လေးစားရတဲ့ဝမ်ဖေးအား ချူမျိုးနွယ်မှ တပ်ဖွဲ့ဝင်များက ပစ်မှတ်ထားနိုင်ရန် Long Feiye အား ခေါ်ထုတ်သွားခြင်း ဖြစ်ရမည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now