အခန်း(၄၃၃)

1.3K 135 33
                                        

အခန်း(၄၃၃)

အိမ်တော်မှာ တစ်စုံတစ်ရာ ကြီးကြီးမားမား ဖြစ်သွားတယ်။






Han Yunxi မှ မသိသော အရာအား Baili Mingxiang မှာ ပို၍ မသိနိုင်ပေ။ ထိုသို့ မေးခွန်းဖြင့် ရင်ဆိုင်ရချိန်တွင် Baili Mingxiang မှာ အချိန်အတော်ကြာ ရပ်တန့်နေပြီးမှ ရိုးဖြောင့်စွာ ပြောလိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး.. ချစ်ရတဲ့သူကို လက်ဆောင်ပေးတဲ့ အခါက နှလုံးသားက အရေးပါတာပါ။ ပြီးတော့ လေးစားရတဲ့ဝမ်ဖေးရဲ့ နှလုံးသားက ဝမ်ဖေးအပိုင်ပါ။"

Han Yunxi၏ တုံ့ပြန်မှုမှာ လေးနက်မှု လျော့ပါးသွားတော့သည်။ “အဲ့တာ ဘာလဲ။ အဲ့ဒီလို အဖြေမျိုးဆိုရင် ဘာမှ မဖြေတာမှ ကောင်းဦးမယ်။"

“လေးစားရတဲ့ဝမ်ဖေး ဝမ်ဖေးသဘောကျတဲ့သူဆီက ဘယ်လိုလက်ဆောင်မဆို သဘောကျတယ် မဟုတ်ဘူးလား။” Baili Mingxiang မှာ ထပ်မံ မေးမြန်းလိုက်သည်။

“အပိုစကားတွေ..” Han Yunxi မှာ ဂရုမထားပဲ ပြောလိုက်သော်လည်း ရှေ့ရှိ ရတနာများအား ကြည့်ကာ လျှို့ဝှက်စွာ ပြုံးလိုက်သည်။ အချိန်ခဏကြာပြီးနောက် သူမက မေးလိုက်တော့သည်။ “ Baili Mingxiang အရင်က တစ်ယောက်ယောက်ကို မင်း သဘောကျဖူးတယ်မလား။ ဒီလိုကိစ္စတွေ မင်းက ဘယ်လိုသိတာလဲ။”

Baili Mingxiang ၏ နှလုံးသားမှာ တုန်ရင်သွားပြီး ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ “မရှိပါဘူး။”

“လူလိမ်.. မင်းက ပေါ်သွားမှာ ကြောက်နေတာ။" Han Yunxi ၏ စူးစမ်းသော မျက်လုံးများမှာ Baili Mingxiang ၏ နှလုံးသားအား စိုးထိတ်မှုဖြင့် တုန်ရင်သွားစေသည်။ သူမက လျှို့ဝှက်ချက်အား အနက်ရှိုင်းဆုံးတွင် မြှုပ်နှံထားကာ ထိုမြတ်နိုးမှုကြောင့် ဖြစ်လာမည့်အကျိုးဆက်များအား ဖုံးအုပ်ထားသည်။

“လေးစားရတဲ့ဝမ်ဖေး Mingxiang က တကယ်ပဲ သဘောကျတဲ့ သူမရှိပါဘူး။ လေးစားရတဲ့ဝမ်ဖေးက ရတနာသေတ္တာကို တကယ်ပဲ သဘောကျတယ်ဆိုတာ Mingxiang က နားလည်မိတာပါ။ တကယ်လို့ အရှင့်သားက လေးစားရတဲ့ဝမ်ဖေးကို သတ္တုအပိုင်းအစတွေနဲ့ သေတ္တာကို ပေးလာရင်တောင် ဝမ်ဖေးက ပျော်နေဦးမှာပဲ မဟုတ်ဘူးလား။” Baili Mingxiang မှာ အတော်လေး ပါးနပ်ကာ ခေါင်းစဥ်အား Han Yunxi ထံ ပြန်ပို့လိုက်တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now