အခန်း( ၄၄၃)
လုံးဝ စိုကုန်ပြီ။
ယခင်က Han Yunxi မှာ မီးသွေးပြာများအား စစ်ဆေးရန် ပညာရှင်ထံသို့ ပို့ကာ လေ့လာစေခဲ့သော်လည်း နမူနာထဲတွင် ပညာရှင်မှာ ပေါက်ကွဲစေသည့် အငွေ့အသက်များ မတွေ့ခဲ့ရပေ။ ထိုအကြောင်းကြောင့် မီးဖိုပေါက်ကွဲမှုမှာ သက်သေမရှိသဖြင့် ရပ်တန့်ထားရသည်။
ယခုတွင် သူတို့ထံ၌ သက်သေရှိနေပြီ ဖြစ်သဖြင့် စုံစမ်းရေးမှာ လွယ်ကူသွားတော့မည်။ ဒါက ကြိုတင်ကြံစည်တာလားဆိုတာ ငါတို့က မကြာခင် ဖော်ထုတ်နိုင်တော့မယ်။ Han Yunxi နှင့် Baili Mingxiang တို့မှာ စာကြည့်ခန်းမှ ထွက်လာပြီး Zhao မားမားနှင့် Su Xiaoyu အား မနှောင့်ယှက်ပဲ တိတ်ဆိတ်စွာဖြင့် သိုလှောင်ရုံသို့ သွားလိုက်သည်။ ထိုနေ့မှ မီးသွေးအကြွင်းအကျန်များမှာ Han Yunxi ၏ လက်ထဲတွင် ရှိနေပြီး မလောင်ကျွမ်းသည့် အပုံမှာ ဆိတ်ငြိမ်တိမ်တိုက်ဆောင်၏ မီးသွေး သိုလှောင်ရုံတွင် ရှိနေသည်။
“လေးစားရတဲ့ဝမ်ဖေး.. ကျွန်မတို့က ကျန်တဲ့မီးသွေးတွေအကုန်လုံးကို ပြာဖြစ်တဲ့အထိ မီးရှို့ပြီး အဆိပ်နဲ့ ရောကြည့်မလို့လား။” Baili Mingxiang မှာ မေးမြန်းလိုက်သည်။
“Xu Donglin က တစ်ပုံလုံး စစ်ဆေးပြီးသွားပြီ။ သံသယဖြစ်စရာ မတွေ့ဘူး။" Han Yunxi မှာ ရှင်းပြလိုက်သည်။
Baili Mingxiang မှာ အလန့်တကြား ဖြစ်သွားတော့သည်။ “ဒါပေမယ့် မနက်က အဲ့ဒီပေါက်ကွဲသွားတဲ့ ပြာပုံက အထင်အရှားကို တစ်ယောက်ယောက်က မီးသွေးမှာ ဖျက်ဆီးထားမှန်း ပြနေတာပဲ။”
“မလိုအပ်ဘူး။ ငါတို့က ပညာရှင်ဆီမှာ ခွဲခြားဖို့ နမူနာ စီစဥ်ထားတယ်။ တစ်ချို့ ပေါက်ကွဲစေတတ်တဲ့အရာက မီးလောင်ပြီး သတ်မှတ်ထားတဲ့အချိန်မှ ပေါက်ကွဲပေမယ့် အခြားဟာတွေက ချက်ချင်းပေါက်ကွဲတတ်တယ်။ တခြားကွဲလွဲတာတွေလည်း ရှိသေးတယ်။ အဲ့ဒီနေ့မနက်က တစ်ယောက်ယောက်က တကယ်ပဲ မီးဖိုကို ဖျက်ဆီးခဲ့တာ ဖြစ်နိုင်သလို အဲ့နေ့မှာ မီးသွေးမှာ ပေါက်ကွဲလာဖို့ အချိုးအဆ တိုက်ဆိုင်သွားတာလဲ ဖြစ်နိုင်တယ်။” Han Yunxi မှာ မီးသွေး၏ အသေးစိတ်အချက်အလက်များအား မသိနိုင်သော်လည်း သူမ၏ အမျိုးမျိုးသော အဆိပ်များ၏ နားလည်မှုမှာ အချိန်၊ပမာဏ၊ အပူချိန်၊ ရေနှင့် ရေအပူချိန်တို့က မူလအရာဝတ္ထုအား မည်သို့သက်ရောက်နိုင်ကြောင်း နားလည်နိုင်သေးသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Fiksi Sejarah**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...