အခန်း(၄၈၈)

651 89 27
                                    

အခန်း(၄၈၈)

ချင်ဝမ်ကို ဘယ်သူ နှောင့်နှေးစေတာလဲ။






Long Tianmo ၏ အမေးအား ရင်ဆိုင်ရလျှင် Mu Qingwu မှာ အကြည့်လွှဲသွားတော့သည်။ “ဒီစစ်သားက အရမ်းစိတ်လိုက်မာန်ပါ ဖြစ်သွားပါတယ်။ အ​ခြေအ​နေက ​အတော်​အ​ရေးကြီး​​နေတဲ့အတွက်​ ကျွန်​​တော်က​ သူ့ကို တအင်္ဂ စိတ်တိုပြီး သတ်မိသွားပါတယ်​။ ကံကောင်းချင်တော့၊ အဲ့ဒီတပ်မှူးရဲ့ အမိန့်အောက်မှာ အဖြေအတွက် ကျွန်တော်တို့က စစ်ဆေးမေးမြန်းနိုင်တဲ့ ခေါင်းဆောင်အနည်းငယ်ရှိသေးပါတယ်။ ဒီစစ်သားက သူတို့ကို ထောင်ထဲမှာ ပိတ်လှောင်ထားပြီးပါပြီ။”

တအင်္ဂ စိတ်လိုက်မာန်ပါ ဖြစ်သွားတာ!!!!

အဲဒါက Mu Qingwu ရဲ့ ပုံစံ မဟုတ်ဘူး ။ Long Tianmo မှာ သူ့အား စိစစ်ကြည့်လိုက်ကာ အမိန့်ပေးလိုက်သည်။  “အခု လောလောဆယ် အဲ့တာကို မေ့ထားလိုက်။ မင်းရဲ့တပ်တွေနဲ့ နန်းတော်ကို မြန်မြန်ပြန်သွား၊ ပိုမြန်လေ ကောင်းလေပဲ။"

Mu Qingwu မှာ အလျင်အမြန်ထွက်သွားစဥ် Long Tianmo မှာ စုဆောင်းထားသော မြှားအိတ်ထဲမှ မြှားများအား စစ်ဆေးရန် သွားလိုက်သည်။ ထိုလက်နက်များမှာ ဓားများကဲ့သို့ ချွန်ထက်သော ထိပ်များပါရှိကာ သာမန်မြှားများထက် များစွာတိုသည်။

“ဦးရီးတော်ချင်ရဲ့ အစောင့်တွေတောင်မှ သူတို့ကို မတိုက်ခိုက်နိုင်ဘူး။ အမှန်ကို သူတို့က ရိုးရှင်းတဲ့ ပြိုင်ဘက် မဟုတ်ဘူး … ဟီးဟီး။” သူက အေးစက်စွာရယ်မောလိုက်သည်။

“အရှင့်သား၊ ဒီနေရာက အမြန်ထွက်သွားပါ။ ဒီမှာ မလုံခြုံပါဘူး၊ အဲဒီ လေးသမားတွေက ရှိနေတုန်းပါပဲ။" အစေခံတစ်ယောက်မှာ စိုးရိမ်တကြီးဖြင့် တိုက်တွန်းလိုက်သည်။

Long Tianmo မှာ အလျင်စလိုဖြစ်မနေပေ။ သူက လက်တစ်ဆုပ်စာ မြှားများအား ထုတ်၍ အစေခံအား ပေးပြီးနောက် နားထဲတွင် တီးတိုးပြောလိုက်သည်။ "ဒါတွေကို ရွှမ်လုံဂိတ်ကို ယူသွားလိုက်။"

အခြားသူများမှာ သူ၏ စကားများမှ ဝှက်ထားသော အဓိပ္ပါယ်အား နားမလည်နိုင်သော်လည်း သူ၏ ကိုယ်ရေးကိုယ်တာအစေခံများမှာ အလွန်ရှင်းလင်းနေသည်။ အိမ်ရှေ့စံမှာ ရွှမ်းလုံဂိတ်တွင် တပ်စွဲထားသော အစောင့်များအား သတ်ဖြတ်ကာ လျှို့ဝှက်ဆန်းကြယ်သော လေးသမားများ၏ သက်သေအထောက်အထားများအား ချန်ထားလိုသည်။ ဧကရာဇ်မှာ ရူးမိုက်နေမဟုတ်သောကြောင့် နန်းတော်အား စောင့်ကြပ်ရန်  စစ်သူကြီးငယ်၏ ကြံစည်မှုတွင် ပြုတ်ကျလိမ့်မည်မဟုတ်ပေ။ သို့ရာတွင်၊ တံခါးရှိ အစောင့်များမှာ ဤအထူးမြှားဖြင့် ပစ်သတ်ခံရပါက၊ အရှင်မင်းမြတ်မှာ နေမကောင်းဖြစ်နေလျှင်ပင် အိပ်ရာပေါ်မှ ခုန်ဆင်းလိမ့်မည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now