အခန်း(၄၀၄)

1.5K 140 43
                                        

အခန်း(၄၀၄)

ဝမ်ဖေးရဲ့ အမျက်ဒေါသ။








ရွေ့ပြောင်းနေထိုင်သူတွေက အိမ်ကို လွတ်လွတ်လပ်လပ် မီးရှို့နိုင်ပေမယ့် သာမာန်လူတွေကတော့ မီးအိမ်ထွန်းဖို့တောင် တားမြစ်ခံရတယ်။ ၎င်းမှာ တရားမျှတမှုမရှိသော စံနှုန်းနှစ်မျိုးနှင့် ပတ်သက်သည့် စကားပုံဖြစ်ကာ Long Feiye ၏ လက်ရှိ အပြုအမူအား ပြီးပြည့်စုံစွာ ညွှန်ပြနေသည်။ သူ၏ ရှေးဆန်သော အယူအဆများမှာ အခြားသူများအပေါ်တွင် သက်ရောက်မှု ရှိသော်လည်း သူကိုယ်တိုင်အတွက်ရှိဟန် မတူပေ။ ပုံရိပ်ယောင်ပင်လယ်ကန်၏ ကမ်းခြေနှစ်ဘက်လုံးတွင် လူတစ်ရာလောက် စုဝေးနေကာ လူတိုင်းမှာ သူ၏ ဦးတည်ဘက်သို့ ကြည့်နေကြသည်။ သို့တိုင် သူက စိတ်တိုင်းကျ ပြုမူကာ Han Yunxi အား သူ၏ အနိုင်ကျင့်နေမှုအား ဖွင့်ပြထားတော့သည်။

ပထမတွင် Han Yunxi မှာ ကိစ္စရပ် တစ်ခုလုံးအား ရှက်ရွံ့မိသော်လည်း Long Feiye မှ ဖြည်းညင်းစွာဖြင့် သူမအား လျှာဖျားဖြင့် ထိတွေ့လာချိန်တွင် ရှက်ရွံ့မှုများအား လွှင့်ပစ်လိုက်တော့သည်။ သူတို့က အရမ်းပျော်နေမှတော့ သင့်တော်တဲ့ အောင်ပွဲခံမှုလေးတော့ ရှိသင့်တယ်မလား!!!တကယ်လို့ Long Feiye လို ရှေးရိုးဆန်တဲ့သူတောင် လွှတ်ချနိုင်သေးရင် သူမက ဘာလို့ အနေခက်တယ်လို့ ခံစားနေရမှာလဲ။ ဘယ်သူတွေ ကြည့်နေတယ်ဆိုတာ ဘယ်သူက ဂရုစိုက်လို့လဲ--- ကြည့်ပါစေ!! ဘယ်လိုပဲဖြစ်ဖြစ် သူတို့က တရားဝင် လက်ထပ်ထားတဲ့ လင်မယားမလို့ သူတို့ရဲ့ အပြုအမူက မျှတပြီး ဆီလျော်တယ်။

လျင်မြန်စွာပင် Han Yunxi မှာ ရက်ရောစွာ Long Feiye ၏ အနမ်းအား တုံ့ပြန်ပေးလိုက်လျှင် သူတို့၏ လျှာများမှာ သွယ်ယှက်သွားတော့သည်။ သူမက သူနှင့် တူညီစွာ အသက်ရှူရင်း စိန်ခေါ်ကာ ကျီစယ်ဟန်ရှိနေသည်။ သူမအပေါ်တွင် Long Feiye ၏ တိုက်ခိုက်မှုမှာလည်း အားကောင်းလာကာ အနမ်းအား ပို၍ နက်ရှိုင်းလာစေတော့သည်။ Baili Mingxiang ၏ မျက်နှာမှာ နီမြန်းလာပြီးနောက် အကြည့်လွှဲလိုက်တော့သည်။ နေရာရှိ အမျိုးသားအချို့ပင် မြင်ကွင်းကြောင့် ရှက်ရွံ့ကာ အဝေးသို့ ကြည့်လိုက်ကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now