အခန်း(၄၁၂)

1.5K 144 20
                                        

အခန်း(၄၁၂)

ချင်ဝမ်က သူ့ရဲ့ အားနည်းချက်ကို ထုတ်ပြလာတယ်။








Long Feiye နှင့် Han Yunxi တို့မှာ ချင်ဝမ်အိမ်တော်သို့ ရောက်ပင် မရောက်သေးသော်လည်း ဧကရာဇ် Taihui မှာ သူတို့အား မြို့တော်တွင် လက်ခံကာ Long Feiye အား ရုံးတော်သို့ ဆင့်ခေါ်လေသည်။

“မင်း လိုက်လာမလား။” Long Feiye မှာ Han Yunxi အား မေးလိုက်သည်။

Han Yunxi မှာ အံ့အားသင့်သွားသည်။ Long Feiye မှာ သူမအား လိုက်လာရန် မေးမြန်းလိမ့်မည်ဟု မည်သည့်အခါမှ မထင်မှတ်ထားပေ။ သူမက တွယ်ကပ်တတ်သော အမျိုးအစား မဟုတ်သကဲ့သို့ သူကလည်း မည်သည့်အချိန်ကမှ သူ၏ တရားဝင်အလုပ်ကိစ္စများတွင် သူမအား ခေါ်သွားခြင်း မပြုခဲ့ပေ။

Long Feiye မှာ မျက်ခုံးကျုံ့ကာ ထပ်မံမေးမြန်းလိုက်သည်။ “မင်းလိုက်လာမှာလား။"

“သွားမယ်။" Han Yunxi မှာ ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။ ငါက ပြပွဲကောင်းကို အလွတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။

ယခုအချိန်တွင် ကောင်းကင်မှာ မှောင်နေပြီ ဖြစ်သည်။ သို့တိုင် ဧကရာဇ် Taihui ၏ စာကြည့်ဆောင် အပြင်တွင် လူအုပ်ကြီးမှာ ရပ်နေသည်။ အိမ်ရှေ့စံ Long Tianmo ,စစ်သူကြီး မူနှင့် သားဖြစ်သူ၊  ယာဘက်ဝန်ကြီးချုပ် Su Shaokun ၊  စစ်ဘက်ရေးရာ အဆင့်မြင့်အရာရှိနှင့် အကောက်ခွန်အဆင့်မြင့်အရာရှိ တို့ပါဝင်နေသည်။ သဘာဝကျစွာပင် ထိုသူများမှာ ဧကရာဇ် Taihui ၏ ဘက်မှ လူများ ဖြစ်လေသည်။

“အရှင့်သားချင်ဝမ် ရောက်ရှိလာပြီ။ လေးစားရတဲ့ဝမ်ဖေး ရောက်ရှိလာပြီ။" မိန်းမစိုးတစ်ယောက်မှာ ကျယ်လောင်စွာ ကြေငြာလိုက်သည်။

စုဝေးနေသည့် အမျိုးသားများမှာ ကြေငြာချက်ပြီးနောက် အကြည့်ချင်းဖလှယ်လိုက်ကာ တီးတိုး ပြောလိုက်ကြသည်။ ဘာလို့ ချင်ဝမ်ဖေး Han Yunxi ကပါ ရောက်လာတာလဲ။ ဧကရာဇ်က ချင်ဝမ်နဲ့ အရေးကြီးတဲ့ စစ်ရေးကိစ္စ ဆွေးနွေးဖို့ ဆင့်ခေါ်လိုက်တာကို ဘာလို့ သူမလို အမျိုးသမီးက လိုက်လာတာလဲ။ အဆုံးတွင် တော်ဝင်စာကြည့်ဆောင်တွင် နန်းတွင်းသူအနည်းငယ်မှလွဲ၍ မည်သည့်အမျိုးသမီးမှ မရှိပေ။  Long Tianmo နှင့် Mu Qingwu တို့၏ အမူအရာမှာ ရှုပ်ထွေးသွားကြသည်။ သူတို့က မှတ်ချက်မပေးသည့် သူများ ဖြစ်ကြသည်။ ဧကရာဇ် Taihui မှာ ရောက်ရှိမည်လာများအား သိနေပြီး သူ၏ လူများမှ စကားပြောနေသည်အား တိတ်ဆိတ်စွာ ကြည့်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now