အခန်း(၅၁၆)

627 78 6
                                    

အခန်း(၅၁၆)

Gu Qi Sha ကျွန်မကို စောင့်နေ။





သူက Long Feiye နှင့် Gu Qi Sha တို့နှစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း အနည်းငယ်ပင် ယဥ်ကျေးမှု မရှိပေ။

"အရှင့်သားချင်ဝမ် ကျုပ်ရဲ့ ဆေးဝါးမြို့တော်က Mu Linger ကို အလိုရှိစာရင်းမှာ ထည့်ထားတာ ကြာပါပြီ။ မင်းတို့အားလုံးက သိသင့်တယ်။ ဒီနေ့ သူမက လာစိန်ခေါ်တဲ့ကိစ္စမှာ သူမရဲ့ ကိုယ်ရေးကိုယ်တာဖြစ်ပြီး ဆေးဝါးမြို့တော်နဲ့ သက်ဆိုင်မှု မရှိပါဘူး။ ဒီအဘိုးကြီးက မင်းတို့ကို မျက်နှာသာပေးချင်တာကြောင့်သာ ဆေးဝါးမြို့တော်ကိုယ်စား ပြန်ပေးဆပ်ဖို့ ကမ်းလှမ်းတာပါ။ တကယ်လို့ ဆေးနတ်ဆိုးဆေးပေးခန်းက ဒီကောင်မလေးကို ခေါ်ထားဖို့ ခေါင်းမာနေရင် ကျုပ်ရဲ့ ဆေးဝါးမြို့တော်က အရှင့်သားကို မျက်နှာသာ မပေးဘူးလို့ အပြစ်မတင်ပါနဲ့။"

ထိုတုံ့ပြန်မှုမှာ Long Feiye အတွက် ဖြစ်သော်လည်း ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ Gu Qi Sha အား တစ်ချက်ပင် မကြည့်ပေ။ ထိုအချက်ကပင် ဆေးမိစ္ဆာအား အလွန်အမင်း စိတ်တိုစေကာ လျှပ်တပြက်အတွင်း ခေါင်းဆောင်အကြီးအမှူးရှဲ့၏ ရှေ့သို့ ရောက်လာသည်။ "ငါက မင်းတို့ ဆေးဝါးမြို့တော်တစ်ခုလုံးကို မြေကြီးပဲ ကျန်တော့အောင် မီးရှို့ပစ်မယ်လို့ ပြောရင် မင်းယုံမလား။"

ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ အဆုံးတွင် ဆေးဝါးမြို့တော် ဘိုးဘေးကောင်စီ​၏ ဦးဆောင်သူ ဖြစ်နေဆဲပင်။ သူ၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း အသံမှာ အေးစက်ခက်ထန်လာသည်။ "တကယ်လို့ ဆေးနတ်ဆိုးဆေးပေးခန်းက ဒီလိုကိစ္စလေးအပေါ်မှာ ဆေးဝါးမြို့တော်နဲ့ ရန်သူဖြစ်ချင်နေရင် ကျုပ်ရဲ့ ဆေးဝါးမြို့တော်ကလည်း အဆုံးအထိ အဖော်ပြုပေးမှာပါ။"

"ဒီအဘိုးကြီးက မင်းကို အခုပဲ သတ်ပေးမယ်။" Gu Qi Sha မှာ သူ၏ အရိုးပေါ်အရေတင်လက်များအား ဖော်ထုတ်လိုက်သည်။ Long Feiye မှာ မျက်မှောင်ကျူတ်ကာ ဤတိုးတက်မှုများအပေါ် သူမ၏ အမြင်အား မေးမြန်းနေသကဲ့သို့ Han Yunxi အား လှမ်းကြည့်လိုက်သည်။ Han Yunxi မှာ Gu Qi Sha အား ယခုချက်ချင်း တားမြစ်ခြင်းကသာ သူမအတွက် အရှင်းလင်းဆုံး လမ်းဖြစ်နေမှန်း သိသော်လည်း တုံ့ဆိုင်းနေသည်။ သူမက ယခုတွင် ထိုလူအိုကြီးအား Gu Qi Sha ထက်ပို၍ သတ်ချင်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now