အခန်း(၄၃၄)

1.3K 130 12
                                        

အခန်း(၄၃၄)

မတော်တဆလား ဒါမှမဟုတ် ကြိုတင်ကြံစည်ထားတာလား။






Baili Mingxiang ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လေးကြိုးဆွဲထားသကဲ့သို့ တောင့်တင်းနေသော်လည်း အသံတစ်ချက် မထွက်ပေ။ Han Yunxi ၏ လှုပ်ရှားမှုများမှာ အလွန်အမင်းညင်သာကာ ဆေးနှင့်ပတ်တီးအား ဂရုတစိုက် စည်းပေးလိုက်သည်။ သူမ၏ ပုံမှန်ပညာရှင်ဟန်ပန်နှင့် ယှဉ်လျှင် မျက်မှောင်ကျူတ်ထားသည်။ သံသယရှိစရာမလိုအောင်ပင် မတော်တဆမှာ သူမအား အကြီးအကျယ် စိတ်အနှောင့်ယှက် ဖြစ်စေသည်။

ဒဏ်ရာများအား စည်းနှောင်ပြီးနောက် Zhaoမားမားမှာ Baili Mingxiang မှ အဝတ်အစားလဲရန်အတွက် ကူညီရန် ရှေ့တိုးလာသည်။ Han Yunxi မှာ သူမအား တားဆီးလိုက်ပြီး Baili Mingxiang ၏ ဒဏ်ရာအား အနှောင့်အယှက်မဖြစ်စေရန် အဝတ်အစားများအား ကပ်ကြေးဖြင့် ညှပ်လိုက်သည်။ Baili Mingxiang ၏ ချောမွေ့သော နောက်ကျောအား မြင်ရလျှင် Su Xiaoyu မှာ မျက်လုံးအား လှိမ့်လိုက်ကာ အကြည့်လွှဲလိုက်သည်။

အနှောင့်အယှက်ပေးတဲ့ မိန်းမပျက်…။ သူမက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ တကယ်လို့ Baili Mingxiang သာ မနှောင့်ယှက်ရင် အခုလောက်ဆို သူမက Han Yunxi ရဲ့ နောက်ကျောကို မြင်ရလောက်ပြီ။ ဒါဆိုရင် အဲ့ဒီအမျိုးသမီး၏ နောက်ကျောမှာ သူမသခင်ရဲ့ မျိုးနွယ်က ရှာနေတဲ့ ဇာမဏီပုံ အမှတ်ရှိလား ဆိုတာ အတည်ပြုလို့ရပြီ။ သူမက ဒီလောက် ကြီးကြီးမားမား စွန့်စားခဲ့ပေ့မယ့် အချည်းအနှီးဖြစ်သွားရတယ်။ သက်သေမကျန်ခဲ့ရင်တောင် မီးဖို ရုတ်တရက် ပေါက်ကွဲတာက သေချာပေါက် သံသယဝင်ခံရမှာပဲ။ အခုတော့ သူမက လှုပ်ရှားဖို့ ပိုခက်သွားတော့မယ်။

Su Xiaoyu မှာ ထိုအကြောင်းအား တွေးလေ စိတ်ဖိစီးလာလေ ဖြစ်သည်။ သူမ၏ အကြည့်များမှာ အဆိပ်ပြင်းလာကာ Baili Mingxiang အား ထပ်မံ၍ အပူလောင်စေချင်နေသည်။ မဟုတ်ဘူး.. ငါက သူမကို တစ်ခါတည်း အပူလောင်ပြီး သေသွားအောင် လုပ်လို့ရရင် ပိုကောင်းမယ်။ Su Xiaoyu ၏ အဆိပ်ပြင်းသော အကြည့်များနှင့် ယှဥ်လျှင် Zhaoမားမား၏ မျက်လုံးများမှာ သနားကြင်နာမှုများ ပြည့်နှက်နေသည်။ Baili Mingxiang မှာ သူမ၏ မတော်တဆ တစ်ခုလုံးတွင် တစ်ခွန်းပင် ညည်းညူခြင်း မရှိချေ။ အချိန်ကြာမြင့်စွာ နေထိုင်လာပြီးနောက် သူမက ထိုကဲ့သို့သော ရဲရင့်သော အမျိုးသမီးငယ်လေးအား ပထမဆုံး တွေ့ရခြင်း ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now