အခန်း(၅၀၃)

1.1K 120 20
                                        

အခန်း(၅၀၃)

မင်းရဲ့ ဆေးသောက်လေ…။






ချင်ဝမ်အိမ်တော်အပြင် Han Yunxi မှာ ဤနေရာတွင် အချိန် ကြာမြင့်စွာ နေထိုင်ခဲ့ဖူးလေသည်။ ဟန်အိမ်ပင် မယှဥ်နိုင်ပေ။ သူမက တံခါးအပြင်တွင် ရပ်နေကာ တံခါးဘောင်တွင် ချိတ်ထားသော အလျားလိုက် နာမည်ပြားအား ကြည့်နေသည်။ သူမ၏ စိတ်တွင်းမှာ မထင်မှတ်ထားသော အရာကြောင့် ဗလာဟင်းလင်း ဖြစ်နေသည်။

ဤနေရာတွင် သူက သူမ၏ နောက်တွင် ရပ်ကာ သူမက Duanmu Yao  အား မက်မန်းပွင့် တွေ့ဆုံပွဲတွင် အနိုင်ယူခဲ့သည့် ကဗျာအား စပ်ဆိုပြခဲ့သည်…

ဤနေရာတွင် သူက သူမအား လောကတွင် တန်ဖိုးအရှိဆုံးအရာအား မေးမြန်းကာ သူမက ဖြေပေးခဲ့သည်။ --- ရှင့်ကို ရိုးဖြောင့်တဲ့ နှလုံးသားနဲ့ ဆက်ဆံပေးပြီး ဆံပင်ဖြူ အသက်အရွယ်ကြီးတဲ့အထိ ရှင့်ဘေးမှာ နေပေးမယ့်သူ --

ဤနေရာတွင် သူမက သူ၏ ပုခုံးအား မှီကာ အိပ်စက်ခဲ့ပြီး သူက ထျန်းနင်၏ အအေးချမ်းဆုံး အချိန်အား သူမနှင့် အတူ ဖြတ်သန်းခဲ့သည်။

ဤနေရာမှာ ကျန်းနန်ရှိ ထိပ်တန်းပန်းဥယျာဥ် သုံးခြံတွင် နာမည်အကြီးဆုံးဖြစ်သော ကျန်းနန်မက်မန်းပွင့်ပင်လယ်မှ လွဲ၍ အခြားမဟုတ်ပေ။ ၎င်းမှာ နှစ်စဉ်နှစ်တိုင်း မက်မန်းပွင့်များမှ ပွင့်နေဟန်မှာ ရင်သပ်ရှုမောဖွယ် ဖြစ်နေသောကြောင့်ပင်။

ဤနေရာမှာ Long Feiye မှာ သူမအား ပိုင်ရှင်အဖြစ် သက်သေဖြစ်သော တံဆိပ်ပြားအား နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင်မူ တံဆိပ်ပြားမှာ သူမ၏ ဆေးအိတ်လေးထဲတွင် ရောက်နေလေသည်။

သူမက ယမန်နှစ် ဆောင်းတွင်းမှ အမှတ်တရ အဖြစ်အပျက်များအား သတိရနေမိသည်။ ထိုစဥ်က နောက်တစ်နှစ် ဆောင်းတွင်း၌ ဤနေရာသို့ လာနိုင်ဦးမလားဟု စဥ်းစားခဲ့သည်။ ဒါပေမယ့် အခုတော့…. ဒါပေမယ့်… အခုတော့…..

ဒါပေမယ့် အခုတော့.. Long Feiye.. နွေတောင် မကုန်သေးဘူး.. ကျွန်မတို့… ကျွန်မတို့က ဘာလို့ ဒီလို ဖြစ်လာတာလဲ….

အခု ရှင်က အဲ့ဒီ အိမ်ထဲမှာ ရှိနေလား…

“လေးစားရတဲ့ဝမ်ဖေး ကျေးဇူးပြုပြီး ဝင်သွားပါ။" ရေသူစစ်သားမှာ မက်မန်းပွင့်တံဆိပ်ပြားအား ပေးလာလျှင် Han Yunxi ၏ အတွေးများမှာ ပြတ်တောက်သွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now