အခန်း(၄၇၃)
လူယုတ်မာက လူယုတ်မာကို ယုတ်မာနေတာလား။
Ouyang Ningnuo!!!
Gu Beiyue မှာ နာမည်အား ပြောလာသည်နှင့် Han Yunxi မှာ ထိုအမျိုးသားအား သတိရသွားသည်။ ထိုစဥ်က ငါးဖမ်းကျွန်းတွင် သူ့အပေါ် သူမ၏ ပထမဆုံးအမြင်မှာ လုံးဝ အရှက်မရှိဘူးဟူ၍ပင်။ သူက ထျန်းနင်၏ အငတ်ဘေးသင့် အခြေအနေအား ဆုတ်ကိုင်ကာ အကျိုးအမြတ်ရယူရန် Jun Yixie ဖြင့် ပူးပေါင်းခဲ့သည်မှာ ရှင်းလင်းနေသော်လည်း ကမ်းခြေသို့ Long Feiye ၏ သင်္ဘောနှင့်အတူ လိုက်ပါရန် မိတ်ဆွေအား အလွယ်တကူ စွန့်ပစ်ခဲ့သည်။ ထို့အပြင် သူက ထျန်းနင် ဘေးသင့်ဒေသများသို့ စပါးများပင် လှူဒါန်းခဲ့သေးသည်။
မည်သို့ပင်ဖြစ်စေ ထိုသူမှာ အကျိုးအမြတ် ရရန်အတွက် မည်သည့် ကျင့်ဝတ်မှ မရှိသူ ဖြစ်သည်။ ဒါပေမယ့် ကုန်သည်တိုင်းက အဲ့ဒီလိုပဲ မဟုတ်ဘူးလား။ Ouyang Ningnuo လို စီးပွားရေးသမားဆို မပြောနဲ့တော့။ ပထမဆုံးအမြင်မှာ ဆိုးရွားနေခဲ့သော်လည်း Han Yunxi မှ ထိုသူဖြင့် ပူးပေါင်းလိုစိတ်အား ထိရောက်မှု မရှိပေ။ ထိုသူမှာ ဆေးဝါးမြို့တော်တွင် အဆင့်အတန်းတစ်ခုရှိကြောင်း သူမက သိနေသည်။
ဆေးဝါးမြို့တော်၏ မိသားစုကြီးသုံးစုနှင့် သေးငယ်သော မျိုးနွယ်များမှာ ဆေးပင် ပျိုးထောင်ရာတွင် ကျွမ်းကျင်လှသော်လည်း ၎င်းတို့အား ရောင်းဝယ်ခြင်းတွင် ကျွမ်းကျင်လိမ့်မည်ဟု မဆိုလိုပေ။ ထိုသူများ၏ စီးပွားရေးအများစုမှာ အရောင်းအဝယ်သမားများ၏ အကူအညီဖြင့် ကုန်ပစ္စည်းများအား တိမ်တိုက်ကုန်းမြေကြီးရှိ ဈေးဆိုင်ငယ်များနှင့် ဈေးကွက်ကြီးများပေါ်သို့ ဖြန့်ဖြူးကြသည်။ တိမ်တိုက်နယ်ပယ် ကုန်သွယ်ရေးလုပ်ငန်းစုတွင် ရောင်းဝယ်ရေး အကြီးဆုံးသော အာဏာရှိနေကာ ဆေးဝါးမြို့တော်မှ မျိုးနွယ်သုံးခုနှင့် ပူးတွဲ အလုပ်လုပ်ကြသည်။ ဈေးကွက်မှ ဆေးဝါးအများစုမှ သူတို့အား ဖြတ်ကျော်လာကြရသည်။
Han Yunxi မှာ သူမက လိုချင်သော ရှားပါးဆေးဝါးများအတွက် မည်သည့် ကုန်သွယ်ရေး လုပ်ငန်းစုဖြင့်မှ စီးပွားရေး စတင်ခြင်း မရှိသေးပေ။ ထိုပစ္စည်းအများစုမှာ ဆေးဝါးမြို့တော် အကြီးအမှူးများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ သို့တိုင် အကယ်၍ Ouyang Ningnuo မှာ ကြားလူအဖြစ် ဆောင်ရွက်ရန် ဆန္ဒရှိလျှင် သူမက တစ်ချို့အား ရယူနိုင်လောက်သည်။
![](https://img.wattpad.com/cover/313293047-288-k148785.jpg)
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...