အခန်း(၄၈၁)

1.1K 112 15
                                        

အခန်း(၄၈၁)

ချေမှုန်းခြင်းတစ်ဝက်။ မိန်းကလေးတစ်ယောက် ပေါ်လာတယ်။






မနက်ရောက်လာသည်နှင့် Zhao မားမားမှာ Han Yunxi  အား သတင်းပို့ရန် ရောက်လာသည်။ “လေးစားရတဲ့ဝမ်ဖေး.. အရှင့်သားက ဆေးမိစ္ဆာအရှင်နဲ့ လက်ဖက်ရည်သောက်ဖို့ ပန်းဥယျာဥ်ထဲမှာ ချိန်းထားတယ်။ အရှင့်သားက ဝမ်ဖေးကိုလည်း လာစေချင်နေတယ်။"

Han Yunxi  မှာ နိုးလာကာစဖြစ်နေကာ သူမက အိပ်မက်မက်နေလားဟု ထင်မှတ်သွားတော့သည်။ Long Feiye က Gu Qi Sha နဲ့ လက်ဖက်ရည် သောက်နေတယ်။ ဒီနေ့ နေက အနောက်ဘက်က ထွက်လာတာလား။

“တကယ်လား…” Han Yunxi  မှာ သံသယများဖြင့် မေးလိုက်သည်။

Zhao မားမားမှ မတုံ့ပြန်နိုင်သေးခင် Su Xiaoyu မှာ မိန်းကလေးခေါင်းဆောင်ကဲ့သို့ ခေါင်းမော့ကာ လက်နှစ်ဖက်အား တင်ပါးပေါ်တွင် တင်ရင်း ပြောလိုက်သည်။ “သခင်မလေး..” သူမက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။ “အရှင့်သားက သေချာပေါက်တစ်ခုခု ကြံစည်နေတာပဲ။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်ကလွဲပြီး ဘာမှ မရှိဘူး။"

မှတ်ဥာဏ်ပျောက်ဆုံးပြီး နောက်တွင် Su Xiaoyu  မှာ ဆိတ်ငြိမ်တိမ်တိုက်ဆောင်တွင် ပို၍ တာဝန်များအား ကြိုးစားလာသည်။ သူမက နေ့တိုင်းပင် Zhao မားမားနှင့် Baili Mingxiang တို့မှာ နှေးသည်ဟုဆိုကာ အိမ်မှုကိစ္စများအား ဝင်လုပ်လေ့ရှိသည်။ လက်ရှိတွင် သူမက ခြံဝန်းထဲတွင် Baili Mingxiang  အား အဆိပ်ပင်များ ရေလောင်းရန် ကူညီနေသည်။

“ရိုင်းစိုင်းလိုက်တာ… အရှင့်သားက မင်းအလွယ်တကူ ဝေဖန်ရမယ့်သူ မဟုတ်ဘူး။”  Zhao မားမားမှာ Su Xiaoyu  အား ချက်ချင်းပင် ဆူပူလိုက်သည်။

Han Yunxi  မှာ Su Xiaoyu ၏ လျှာစောင်းထက်မှုအား နေသားကျနေပြီဖြစ်ကာ ရယ်မောလိုက်သည်။ “သွားရအောင်… ဝမ်ရယ်က ဘာတွေ ကြံစည်နေလဲဆိုတာ သွားကြည့်ကြမယ်။"

သူတို့က ပန်းဥယျာဥ်ထဲသို့ ရောက်သွားချိန်တွင် Long Feiye  မှာ လက်ဖက်ရည်နှပ်နေသည်။ သူ၏ ဆံပင်များမှာ ပုံမှန်အတိုင်း ခေါင်းပေါ်တွင် ထုံးဖွဲ့ထားခြင်း မရှိပဲ ပုံမှန်အတိုင်း အနက်ရောင်ဝတ်စုံအားလည်း ဝတ်ဆင်ထားခြင်း မရှိပေ။ အဖြူရောင်ကျောက်စိမ်းဆံထိုးဖြင့်သာ ဆံပင်များအား နေရာတွင် စုထားကာ အဖြူရောင်လက်ဝကျယ် အင်္ကျီအား ဝတ်ဆင်ထားသည်။ ၎င်းမှာ သူ့အား အေးစက်အထီးကျန်နေစေမည့်အစား သစ်လွင်ကာ သပ်ရပ်နေသည်။ သူက မဏ္ဍပ်ထဲရှိ ရှည်လျားသော ဝါးထိုင်ခုံတွင် ခြေချိတ်ကာ ထိုင်နေပြီး မှင်ဆေးပန်းချီကားထဲမှ မသေမျိုးတစ်ယောက်ကဲ့သို့ပင်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ တင့်တယ်ကာ ပြေပြစ်လှသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now